ချင်းပြည်နယ်၊ မတူမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ၄ ခုကို CDF-Matupi တပ်မဟာ (၂) က ဒီကနေ့ကစပြီး ရက်အကန့်အသက်မရှိပိတ်ပင်ထားလိုက်ပြီဆိုတာနဲ့ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်တွေကိုလည်း ပစ်မိန့်ပေးထားတယ်လို့ CDF-Matupi တပ်မဟာ (၂)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီလိုတားမြစ်တာက မတူပီမြို့ စစ်ကောင်စီစခန်းတွေ သိမ်းယူနိုင်ဖို့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့များ (CDFs) က စစ်မျက်မှာတိုးမြှင့်ဖွင့်ထားတာကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတူပီ-ဟားခါးလမ်း၊ မတူပီ-ပလက်၀လမ်း၊ မတူပီ-လိုင်လဲန်ပီလမ်းနဲ့ မတူပီ-ကန်တောင်လမ်းများကို CDF-Matupi တပ်မဟာ (၂)က ရက်အကန့်အသက်မရှိပိတ်ပင်ထားပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာသော ပြည်သူများကို အရေးယူမှာဖြစ်သလို့ လက်နက်ကိုင်များမှ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာပါက ပစ်မိန့်ပေးထားကြောင်း CDF-Matupi တပ်မဟာ (၂)က အသိပေးပါတယ်။
မတူပီမြို့ရှိ စစ်ကောင်စီတပ်တွေ အခြေချထားတဲ့ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနဲ့ ခလရ (၃၀၄) စခန်းများကို ရက္ခိုင့်တပ်မတော် AA ဦးဆောင်ဖြင့် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။