လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် ၆ခုကို ငွေကျပ် ၁၁ သိန်း ထောက်ပံ့ကူညီနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
အကျဉ်းထောင် ၆ ခုမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူများအနက် မိသားစုဝင်များမှ ထောင်ဝင်စာပါဆယ် မပို့နိုင်တဲ့ နိုင်ငံရေးအကျဉ်းသူ (၂၂)ဦးကို တစ်ဦးလျှင် မြန်မာငွေ ၅၀၀၀၀ ကျပ်နှုန်းနဲ့ ဈေးဘား ကူညီပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး အခုလက်ရှိအချိန်ထိ မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူပေါင်း ၅၀၀၀ ကျော် ကျန်ရှိနေပါသေးတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့က နိုင်ငံရေးအကျဉ်းသူများကို ကူညီနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်းဖြစ်တဲ့အတွက် အခက်အခဲအမျိုးမျိုးကြားမှ အကျဉ်းထောင်ကိစ္စများကို ကူညီဆောင်ရွက်နေပြီး နိုင်ငံရေးအကျဉ်းသူများကို အကူအညီပေးလိုပါက နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။