တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့တွင် နွေဦးတော်လှန်ရေးထောက်ပို့နိုင်ရေး ဖူဆယ်ဖလားဘောလုံးပြိုင်ပွဲနှင့် စစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် ဒယ်ဂူး ဘုန်းဘုန်းက တော်လှန်ရေးညီအစ်ကိုများ အားကစားပွဲကို လှလှပပ ပြီးဆုံးအောင်မြင်ရန် ကစားနိုင်ရေး၊တော်လှန်ရေးကို ကိုယ်စွမ်းနိုင်ရာဖြင့် ဆက်လက်ပါဝင်ရေး၊ ထောက်ပို့ပိုင်းနှင့် စစ်ဘေးရှောင်ပြည်များကို အာဟာရဒါနလှူဒါန်းနိုင်ရေးစသော မိမိနိုင်ငံကို စောင့်ရှောက်ရန် ၊အာဏာရှင်စနစ်ဆိုးက လွတ်မြောက်သည်အထိ ကြိုးစားကြရန် မိန့်ကြားခဲ့ကြောင်း သိရှိရသည်။