အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် ဆန်ခရမ်မဲန်တိုတွင် “မြန်မာပြည် ထောက်ပံ့ကူညီရေး နှစ်သစ်ကူးရန်ပုံငွေ စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးပွဲတော်” ကို Free Burma Action Committee – Sacramento နှင့် ဆန်ခရမ်မဲန်တိုမှ တိုင်းရင်းသားမိသားစုများမှ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရှိရသည်
အဆိုပါ ရန်ပုံငွေပွဲတွင် တိုင်းရင်းသားမိသားစုများ၏ ရိုးရာယဉ်ကျေးမှု့ အကများဖြင့် တင်ဆက်ကပြခဲ့ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ ပြည့်မွေးနေ့ကိုလည်း တက်ရောက်လာသော ထောက်ပို့ပြည်သူများက ဝိုင်းဝန်းပြုလုပ်ခဲ့ကြောင်း၊ ပွဲမှ ရရှိလာသော အလှူငွေများကိုလည်း မြေပြင်သို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။