စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်က စစ်ဘေးရှောင် မိသားစု ၂၀၀ အတွက် စားနပ်ရိက္ခာ ကျပ်သိန်း ၁၀၀ ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူအဖွဲ့က ကန့်ဘလူမြို့နယ် အောင်ချမ်းသာ၊ ကျောက်တိုင်၊ ကျီစုကျေးရွာတွေက အိမ်ထောင်စု ၁၀၀ အတွက် ၁ အိမ်ထောင်ကို ၅၀,၀၀၀ ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ခင်ဦးမြို့နယ် ကင်းပျစ်၊ ကင်းထောင်ကျေးရွာတွေက အိမ်ထောင်စု ၁၀၀ အတွက်လည်း ၁ အိမ်ထောင်ကို ၅၀,၀၀၀ ကျပ်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆားပစ္စည်းတွေ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
လာရောက်ကူညီပေးသွားတဲ့ အလှူငွေကို ကွန်ရက်အဖွဲ့ဝင်ဖြစ်တဲ့ ကန့်ဘလူအခြေစိုက် ” Save Sagaing” အဖွဲ့က တာဝန်ယူပြီး စစ်ရှောင်ပြည်သူတွေဆီကို အရောက်ပို့ဆောင် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းတွင်းက စစ်ရှောင်ပြည်သူတွေအတွက် ထောက်ပံ့ကူညီလိုပါက NUG Pay , Wave Pay, Kpay, SDB (Spring Development Bank)အပြင် ထိုင်းဘဏ်အကောင့်တွေကနေ ပေးပို့လှူဒါန်းနိုင်တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ထံက သိရပါတယ်။