ရန်ကုန်မြို့တွင် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ အမှန်တရား ဓမ္မဘက်မှ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး တိုက်ပွဲဝင်နေကြသော ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာ့သပိတ်ကို ပူးပေါင်းဝန်းရံသောအားဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်သည့် Owl Community၊ LinnYoungNi Youth Association (LYNYA)၊ Kyimyindaing Networks (KMD18)နှင့် Mayangone Democratic Front (MDF) ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။