မြန်မာတစ်ပြည်လုံး အခွင့်အရေးတန်းတူညီမျှရရှိဖို့အတွက် စစ်အာဏာရူးကိုတိုက်ဖျက်ရာမှာ ပအိုဝ်းတွေလည်း ပါဝင်တိုက်ပွဲဝင်နေတာမို့ ပအိုဝ်းတွေရဲ့ “ဝေဟင်ကိုထိန်း မြေပြင်သိမ်း” ကမ်ပိန်းမှာ ပါဝင်ပေးကြို့အတွက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က တိုက်တွန်းထားပါတယ်။
မြန်မာပြည်မှာ ပအိုဝ်းလူမျိုးတွေထဲက အနုပညာနဲ့ထင်ပေါ်ကျော်ကြားသူတွေရှိသလို့ နာမည်ဆိုးနဲ့ ကျော်ကြားသူလည်း ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAဝေဟင်ကိုထိန်းမြေပြင်သိမ်းအဖွဲ့က ဆိုပါတယ်။
ပအိုဝ်းဒေသအတွက် ပြုလုပ်နေတဲ့ “ဝေဟင်ကိုထိန်း မြေပြင်သိမ်း” Drone Campaign ကို PNLO/PNLA မှ ဦးဆောင်ကာ United Bonds France က Project Owner အနေနဲ့တာဝန်ယူပြီး CRPH – OFP Fundraising Program ရဲ့ ကူညီမှုနဲ့ ပြုလုပ်လာခဲ့တာပါ။
ကမ်ပိန်းက ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို Drone project အတွက်သာ သုံးစွဲသွားမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။