စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓါးမဆိုင်းတပ်မတော် ရဲ့ တပ်ရင်းရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းတွေကို ဇွန် ၂၇ ရက် ဒီနေ့မှာ စတင်ရိတ်သိမ်းနေပြီလို့ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က ပြောပါတယ်။
အဲဒီ နှမ်းစိုက်ခင်းဟာ ၁ ဧက ဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့ ဧပြီလက တပ်ဖွဲ့ ဝင်ရဲဘော် ရဲမေတွေနဲ့ စိုက်ပျိုးခဲ့တာဖြစ်ပြီး ရိတ်သိမ်းရာမှာလည်း တပ်ဖွဲ့ဝင်တွေကပဲ ရိတ်သိမ်းနေတာလို့ ဆိုပါတယ်။
ဒါ့အပြင် နှမ်းရိတ်သိမ်းအပြီးမှာ ပဲစဉ်းငုံနဲ့ စပါးကို ဆက်လက် စိုက်ပျိုးသွားမယ်လို့ ပြောပါတယ်။
ဓါးမဆိုင်းတပ်မတော်ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း တပ်ရင်း ရိက္ခာအတွက် စပါး ၃ ဧက စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။