မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များကို လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဘာသာရေး အဆောက်အဦးများနှင့် လူနေအိမ်များကို လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကျဲ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ဘုရားငါးဆူကျောင်းနှင့် ကန်တော်ရပ်ကွက်ကို ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“မိုးကုတ် အခြေအနေဆိုးနေပြီ လက်နက်ကြီးတွေ လေယဥ်တွေနဲ့ပါ ချနေကြပြီ မိုးကုတ် အရှေ့ပိုင်းမှာ တိုက်ပွဲက ပြင်းထန်နေတယ်။ drone နဲ့ လေယာဉ်နဲ့ ဆက်တိုက်ကို ပစ်နေတာ အရှေ့ပိုင်း ဘုရားငါးဆူကျောင်းပေါ်နဲ့ ကန်တော် ရပ်ကွက်ပေါ်ကို ကျဲနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။