ကူးစက်မြန် ကာလဝမ်းရောဂါကြောင့် ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာ ဇွန်လ ၂၃ ရက်နေ့က (၁) ဦးထပ််မံ သေဆုံးခဲ့ကာ ဝမ်းရောဂါကြောင့် စုစုပေါင်း ၃ ဦးအထိသေဆုံးခဲ့ပြီဖြစ်ကာ လူ ၁၂ ဦးဆီမှာလည်း ရောဂါ ကူးစက်နေ လို့ အဲဒီရွာတွေကို လော့ဒေါင်းချထားရတဲ့ အခြေအနေလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။
မင်းတပ်မြို့နယ် စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “ လက်ရှိအချိန်ထိ ကာလဝမ်းရောဂါ ဖြစ်နေသေးတယ် ၂၃ ရက်နေ့က ၁ ဦးသေဆုံးပြီးတော့ ၁၂ ဦးဆီမှာ ကူးစက်လို့ အဲဒီ တိုက်နယ် ၁၀ ထဲက ရွာတစ်ရွာကို လော့ဒေါင်းချထားရပါတယ်၊ သွားရောက်ကုသတဲ့ ဆရာဝန်ပြောပြချက်အရ ကူးစက်မြန် ကာလဝမ်းရောဂါလို့ သိရပါတယ် ဝမ်းရောဂါကြောင့် စုစုပေါင်း ၃ ဦးသေဆုံးပြီ ပလက်ဝဘက်မှာကတော့ ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းက ၁၂ ဦးခန့်သေဆုံးတယ်လို့ သိရပါတယ်” လို့ပြောပါတယ်။
ဆေးဝါးတွေကို လွတ်လွတ်လပ်လပ် သယ်ယူလို့မရဘူး လုံးဝပြတ်လပ်တဲ့ အနေထားမျိုးမဟုတ်ပေမယ့်လည်း ဝယ်ယူတဲ့အခါ အခက်ခဲများစွာရှိတဲ့ အနေထားလို့ အဆိုပါ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူက ပြောပါတယ်။
လက်ရှိမင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေဟာ တစ်သောင်းကျော်နီးပါးရှိလာရာကနေ မတူပီမြို့မြို့သိမ်းတိုက်ပွဲနဲ့ မင်းတပ်မှာ လှုပ်ခတ်နေတဲ့ အနေထားတွေကြောင့် စစ်ဘေးရှောင်အရေတွက်တွေလည်း ပိုတိုးလာနေတယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
စားနပ်ရိက္ခာ ဆန်၊ စားသောက်ကုန်တွေ အဓိကလိုအပ်နေပြီး ဆေးဝါးတွေ လုံလုံရရှိနိုင်ဖို့အတွက်လည်း အကူအညီအထောက််အပံ့ လုံလုံလောက်လောက် မရရှိသေးဘူးလို့ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင် အရေးကူညီဆောင်ရွက်ပေး နေသူဆီကနေ သိရပါတယ်။