စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ပြီး ကျောင်းသား ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
သံဃာတော်များ ဦးဆောင်သည် ချီတက် ဆန္ဒပြပွဲကို ဘုတလင်မြို့နယ် အတွင်းရှိ ပြည်သူများနှင့် ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီအဖွဲ့ဝင် ရဲဘော်များလည်း လိုက်ပါ ဝန်းရံပေးခဲ့ကြောင်း သိရှိရသည်။