ရန်ကုန်မြို့၊ တာမွေမြို့နယ်နှင့် သာကေတမြို့နယ်တို့ရှိ ပြည်သူများက သံဃာတော်များ၏ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ထောက်ခံကြောင်း သပိတ်လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၂ ရက်တွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲဖြစ်သည့် Owl Community၊ Mayangone Democratic Front (MDF)၊ LinnYoungNi Youth Association (LYNYA)နှင့် Kyimyindaing Networks (KMD18)တို့မှ ပြည်သူများနှင့် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။