စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ မိုင်းတပ်ဖွဲ့က မိုင်းအခြေခံ သင်တန်း အပတ်စဥ် (၂၈) နဲ့ အခြေခံ စစ်သင်တန်း အပတ်စဥ် (၃) တို့ကို ပူးတွဲ ပြုလုပ်ခဲ့တယ်လို့ PDF Kalay- မိုင်းတပ်ဖွဲ့မှ သိရပါတယ်။
ကလေးခရိုင် မိုင်းတပ်ဖွဲ့ရဲ့ ရဲဘော်အသစ်တွေက သင်တန်းကာလ ၂၁ ရက်မှာ အခြေခံ စစ်ပညာတွေ ၊ မိုင်းနဲ့ပတ်သက်တဲ့ ပညာရပ်တွေကို သင်ယူခဲ့တယ်လို့ အသိပေးပါတယ်။
ရှေ့လာမယ့် လုပ်ငန်းစဥ်တွေမှာ ကျရာကဏ္ဍအလိုက် စီနီယာ ရဲဘော်တွေနဲ့ လက်တွေသင်ယူမယ့် မွမ်းမံသင်ခန်းစာတွေကို မြေပြင်မှာ လက်တွေ့ လုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုးတွင်းကာလ ရောက်လာတာနဲ့အမျှ မိုင်းတပ်ဖွဲ့ရဲ့ ထုတ်လုပ်ရေး စက်သုံးဆီတွေ ၊ ရိက္ခာအခက် အခဲတွေ ရှိလာပြီဖြစ်လို့ စေတနာရှင်များမှ အားစိုက် ကူပေးကြဖို့လည်း အကူအညီတောင်းခံ ထားပါတယ်။