တီးတိန်မြို့တွင်း တိုက်ပွဲကာလမှာ အသုံးပြုခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်များ နှင့် တခြား ပေါက်ကွဲနိုင်သည့် စစ်ဘက်သုံး ပစ္စည်းများစွာ ကျန်ရှိနေတဲ့ အတွက် နေရပ် ပြန်လာကြသူများ အနေဖြင့် အသွားအလာ အထူး သတိထားသင့်ကြောင်း တီးတိန်မြို့ခံ ၁ ဦးက ပြောပါတယ်။
“လွယ်ဘွာလ် ရပ်ကွက် အတွင်းမှာဆို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ တွေ့ရတယ်။ လမ်းဘေး၊ ခြံဝန်း ထဲ သွားမယ် ဆိုရင် ကောင်းကောင်း သတိထားပြီး မှ သွားသင့်တယ်။ အဲလို ပေါက်ကွဲ တတ်တဲ့ ကျည်တွေ ဘယ်မှာ ရှိမယ် ဆိုတာ ကြိုတင် ခန့်မှန်း လို့ ရတာ မဟုတ်ဘူး” လို့ တီးတိန်မြို့ခံ၁ ဦးက ပြောပါတယ်။
တီးတိန်မြို့မှာ စစ်ကျန် လက်နက်ပစ္စည်းများ ပေါက်ကွဲခြင်း ကြောင့် ထိခိုက် တာမျိုး မရှိသေးကြောင်း၊ မြို့တွင်း၌ ခွေး နဲ့ ဝက် အစရှိသော အိမ်မွေးတိရိစ္ဆာန် များ လမ်းမကြီးများ ပေါ်မှာ သွားလာနေဆဲ ဖြစ်သော်လည်း ယခုရက်ပိုင်းတွင် လျော့ကျ လာကြောင်း၊ ဇူလိုင် လ ကနေစပြီး နေအိမ် ပြန်လာသည့် ဦးရေ များပြား လာကြောင်း ဆက်လက် သိရှိခဲ့ရပါတယ်။
တီးတိန်မြို့တွင်း တိုက်ပွဲ ကာလအတွင်း နေအိမ် ၆၅ လုံးကျော် မီးလောင်ပြာကျ ခဲ့ပြီး၊ နေအိမ် အမြောက်အများ ဟာ လက်နက် ထိမှန် မှုကြောင့် ပျက်စီးခဲ့ရပါတယ်။