တနင်္သာရီတိုင်း၊ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်သား အသစ်များ ထပ်မံဖိတ်ခေါ်မှုကို ဒီနေ့မှာအသိပေးကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဘုတ်ပြင်းပြည်သူ့ရဲတပ်ဖွဲ့မှ တိုက်ခိုက်ရေး လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရန်အတွက် CDM ရဲဝန်ထမ်းများ နဲ့ ပြည်သူထဲမှ အမှန်တရားအတွက် တိုက်ပွဲဝင်လိုသူများကို လာ ရောက် ပူးပေါင်း နိုင်တယ်လို့ ခေါ်ယူထားတာပါ။
ဘုတ်ပြင်းပြည်သူရဲတပ်ဖွဲ့က တော်လှန်ရေး အရှိန်ရလာတဲ့နဲ့အမျှ ရဲလုပ်ငန်း တွေအပြင် တိုင်းရင်းသားလက်နက်ကိုင် (EAO/ERO) များ ၊အခြားတော်လှန်ရေးအင်အားစုများနဲ့ အတူပူးပေါင်းကာ စစ်ရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေပြီး၊စခန်းသိမ်းတိုက်ပွဲများကို လည်း အောင်မြင်မှုတွေရရှိခဲ့ပြီလို့ ဆိုပါတယ်။
ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်မှာ ဘုတ်ပြင်း မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်မှာ စတင်ဖွဲ့စည်း ခဲ့တာ လည်းဖြစ်ပါတယ်။