အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အကျဥ်းဦးစီးဌာနရဲ့ အင်းစိန်ဗဟိုအကျဥ်းထောင်မှာ ထောင်အာဏာပိုင်များက မကြာခဏ ငွေတောင်းကာ ထောင်တွင်းစီးပွားရှာ နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အင်းစိန်ဗဟိုထောင်မှ ဖက်ဆစ်စစ်အုပ်စုခန့် အကျဥ်းဦးစီး ဝန်ထမ်းတွေ ဖြစ်တဲ့ သပြေဆောင် အဆောင်မှူး(ထောင်မှူး) ဖြိုးဇော်ဟိန်း ၊ ဒုတပ်ကြပ် အောင်ကျော်ဌေး အပါ၊ လူသတ်မှုပုဒ်မ နဲ့ ထောင်ကျ(အကျဥ်းသား) တန်းစိးချုပ် ကုလားပြားတို့မှ အကျဥ်းသားများထံမှ အဓမ္မငွေ တောင်းခံ နေတယ်လို့ အသိပေးဖော်ပြခဲ့တာပါ။
ရန်သူစစ်တပ်ခန့် အဆောင်မှူး (ထောင်မှူး)များက ထောင်ပိုင်ထံ မျက်နှာလို မျက်နှာရ လုပ်ရန် ထောင်တွင်း ဆေးသုပ်၊ စတိုးခန်း ပြင်ရန် အတွက်ဟုဆိုကာ အကျဥ်းဆောင် အခန်း တစ်ခန်းကို လစဥ် ၆ သောင်းကျပ်ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
အဆိုပါ ငွေကြေးကောက်ခံမှုပြုလုပ်ရာမှာ ပိုက်ဆံမထည့်ဘဲ နေရင် ထောင်အာဏာပိုင်များက အကျဥ်းသားများကို အနေကြပ်ရန် ပုံစံ မျိုးစုံဖိအားပေးနေတယ်လို့ ပြောပါတယ်။
ဆက်ပြီး ထောင်တွင်း ပျော်ပွဲရွှင်ပွဲများကို အယောင်ပြ ပြုလုပ်ကာ အကျဥ်းသား/သူ ထံများမှ စီးပွားရေး ဆန်ဆန် ခေါင်းပုံဖြတ် ပိုက်ဆံ ရှာနေတာကို မြန်နိုင်ကွန်ရက်က စုံစမ်းသိရှိထားပါတယ်။
အခုလာမည့် ဇူလိုင်လ အလယ်ပိုင်းတွင်း မိုးးရာသီ ပျော်ပွဲရွှင်ပွဲ ကျင်းပမယ်လို့ဆိုကာ ပိုက်ဆံကောက်ခံနေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။