တီးတိန်မြို့နယ် မွာလ်ပီးရွာမှာ အသက် ၁၂ နှစ်အရွယ် ကလေးမ တစ်ဦးကို ဇူလိုင်လ ၅ ရက်နေ့မှာ ကလေးမြို့မှ ချင်းတောင်ဘက်ကို စစ်ကားတန်းဖြင့် ချီတက်ခဲ့တဲ့ စစ်ကောင်စီတပ်မှတပ်ဖွဲ့ဝင်အချို့မှ အဓမ္မ ပြုကျင့်ခဲ့ပြီး မွာလ်ပီးရွာသူ တခြားကလေးမိခင် တစ်ဦး နှင့် အခြား ကလေးမ တစ်ဦး ကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က
အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ပေမယ့် သူတို့ကိုယ်လွှတ်ရုန်း နိုင်တဲ့ အတွက် အဓမ္မ မပြုကျင့်နိုင်ပဲ သူတို့လွတ်မြောက်သွားတယ် လို့ တီးတိန်မြို့နယ်ဒေသံခံများထံကသိရပါတယ်။
” ဇူလိုင်လ ၄ ရက်နေ့မှာ စစ်ကောင်စီ ယာဉ်တန်း တက်လာတော့ ကလေးမက သူတို့ မိသားစု နဲ့တောင်ယာ ရှိ ယာတဲကို တိမ်းရှောင်သွားတာ။ ဇူလိုင်လ ၅ ရက်နေ့မှာ စစ်တပ်က အိမ် ပြန်လို့ ရတယ် ပြောတော့ သူမရဲ့ အမေက အိမ်ကို တချက် သွားကြည့် ခိုင်း လိုက်တယ်။ ရွာက အဆင်ပြေ သလို ဖြစ်နေတော့ သူမလည်း ထမင်း ချက်လိုက်တော့ စစ်ကောင်စီ စစ်သား နှစ်ယောက် ဝင်လာပြီး အဓမ္မပြုကျင့်သွားတယ်။ က လေးမက အော်ပြီး အကူအညီတောင်းရင်း အသားကုန် ရုန်းခဲ့တယ်။ အနီးအနားမှာ တခြား စစ်သားတွေ ရှိပေမယ့် လာမကယ်ခဲ့ဘူး” လို့ ဖြစ်စဉ်ကို သိတဲ့ တီးတိန်မြို့နယ် ဒေသခံ ၁ ဦးက ပြောပြပါတယ်။
“ကလေး အမေ တစ်ဦး နှင့် တခြား ကောင်မလေး တစ်ယောက် ကိုလည်း အဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့က ရုန်းနိုင်တော့ ကာမ မရယူနိုင်ကြဘဲလွတ်မြောက်လာကြတယ်။ ရွာသားတချို့ က စစ်ကြောင်း ခေါင်းဆောင်ကို သွားတွေ့ပြီး အကြောင်းစုံ ပြောပြ လိုက်တော့ အမှုစစ်ပေး လိုက်တယ်။ ကလေးမကို ပိုက်ဆံပေးပြီး ညှိနှိုင်းကြေအေးပေးဖို့ ကြိုးစား သွားခဲ့တယ်” လို့ အမှုနောက်ဆက်တွဲ နှင့် ပတ်သက်ပြီး အဆိုပါတီးတိန်မြို့နယ် ဒေသခံက ဆက်လက် ပြောပါတယ်။
မုဒိမ်းကျင့်တဲ့ စစ်သား နှစ်ဦးကို စောင် နဲ့ ပတ်ပြီး ကား ပေါ် တင်ခဲ့ ကြကြောင်း၊ ယင်း စစ်သား နှစ်ဦး ဝတ်ထားသည့် ယူနီဖောင်းတွင် မည်သည့် ဘက်တံဆိပ် မှ မပါခဲ့ကြောင်း၊ စစ်ကြောင်းမှူး မှ “နိမိတ်မကောင်းဘူး၊ ပြန်လှည့်မယ်” ဆိုပြီး ကလေး မြို့ဘက်ကို ပြန်လှည့်သွားကြောင်း အဆိုပါ တီးတိိန်မြို့နယ် ဒေသခံရဲ့ ပြောပြ ချက် အရ သိရှိ ရပါတယ်။
စစ်ကောင်စီ စစ်တပ်ဟာ ဇူလိုင်လ ၄ ရက်နေ့တွင် စစ်ကား ၆ စီးဖြင့် ကလေးမြို့ကနေ ချင်းတောင်ကို တက်သွားခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် ပြန်လှည့်သွားခဲ့တယ် လို့ သိခဲ့ရပါတယ်။