စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး ပြည်သူများအား အရေးပေါ် ကယ်ဆယ်နိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း စစ်ကိုင်းမြို့၊ ထုံးဘိုအရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တိုင်းထွာချက်အရ စစ်ကိုင်းမြို့တွင် ဧရာဝတီမြစ် ရေသည် ၁၁၂၂ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် ရောက်ရှိရန် ၂၈ စင်တီမီတာသာ လိုတော့ကြောင်း၊ ထို့ ကြောင့် မိဘပြည်သူများကို ၂၄ နာရီ ကူညီနိုင်ရန် အသင့်ပြင်ဆင်ထားပြီး အကူ အညီတောင်းခံလိုပါက ဖုန်း ၀၉ ၄၀၄၀ ၉၄ ၇၀၉ ၊ ၀၉ ၇၅ ၇၀ ၂၇ ၈၈၇ သို့ ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း စစ်ကိုင်းမြို့၊ ထုံးဘိုအရေးပေါ် ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။
“ရေကတော့ အခုလောလောဆယ် ဆိုးဆိုးဝါးဝါးကြီးတော့ မရှိသေးပါဘူး။ ရေကလည်း စိုးရိမ်ရေမှတ် ပဲရောက်သေးတာ၊ မြို့ထဲထိဝင်တာမရှိသေးဘူး။ ပညာရေးဆောင်ရွက်နေတာတွေရှိတယ်၊ အခုလော လောဆယ်ကယ်ဆယ်ရေးအနေနဲ့ကတော့ အိမ်တွေဘာတွေ ဝိုင်းရွှေ့ပေးနေတာရှိတယ်။ အရင်နှစ် တွေကလည်း ဝင်နေကြဆိုတော့ ထူးထူးဆန်းဆန်းတော့မဟုတ်ဘူး။ ဒါပေမယ့် ဒီနှစ်က မြစ်ကြီးနား လည်းဝင်ထားတော့ အားလုံးကတော့ ပြင်ဆင်ထားတာပေါ့။ မြစ်ကမ်းနဖူးနေတဲ့ အိမ်လေးတွေတော့ ရေဝင်တာပေါ့။” ဟု စစ်ကိုင်းမြို့၊ ထုံးဘိုအရေးပေါ် ရှာဖွေကယ်ဆယ်ရေးအရန်မီးသတ်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောဆိုသည်။