တနင်္သာရီတိုင်း၊ သရက်ချောင်းမှ ထားဝယ်ကို မောင်းနှင်လာသော ပျူစောထီးများ လိုက်ပါလာသည့်ကားကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်ခန့်တွင် သရက်ချောင်းမှ ထားဝယ်ကို မောင်းနှင်လာသော ပျူစောထီး ခေါင်းဆောင် စိုးမိုးကားကို ဒေါင်းညီနောင် စစ်ကြောင်းမှ ရဲဘော်များက ထားဝယ်-သရက်ချောင်း လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကားမောင်းသမားဘေးတွင် ထိုင်နေသည့် ပျူစောထီး ၁ ဦး ကျည်ထိမှန်ခဲ့ပြီး ကားကို မောင်းပြေးသွားကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် ပျူစောထီးများ လိုပါလာသော ကားသည် ထားဝယ်မြို့ သဗြေချောင်းတပ်နယ်ဆေးရုံကို မောင်းနှင်သွားပြီး ကျည်ထိမှန်သွားသော ပျူစောထီး ၁ ဦးမှာလည်း ပြင်းထန် ဒဏ်ရာ ရရှိကာ တပ်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။