မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကို ဒရုန်း၊ ရော့ကတ်၊ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ (၁၂၀) ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဇီးပြားပျူကျေးရွာနဲ့ တရော်ကိုင်းပျူကျေးရွာတို့ကို ဇူလိုင် ၈ ရက် မနက် ၉ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒရုန်း၊ ရော့ကတ်၊ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ (၁၂၀) ထက်မနည်း တိုက်ခိုက်ခဲ့တာလို့ မြိုင် ပကဖ က ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရန်သူ၁ယောက်သေပြီး ၄ယောက်ဒဏ်ရာရတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
ဇီးပြားပျူကျေးရွာရှိ ရန်သူအထိုင်စခန်းက အကြမ်းဖက်တပ်တွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေးတပ်တွေကလည်း လက်နက်ငယ် လက်နက်ကြီး ဒရုန်းတွေနဲလဲ အဆက် မပြတ် အနီးကပ်တိုက်ခိုက်ခဲ့ရာ ပျူ (၁) ကောင်သေဆုံးပြီး အကြမ်းဖက်တပ်သား ၄ကောင် ထိခိုက် ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်တော်သားတွေအနေနဲ့ ဓမ္မနဲ့ အဓမ္မသိရှိပြီး ပြည်သူ့ဘက်ကို အမြန်ပူးပေါင်းကြဖို့လိုပြီးတော်လှန်ရေးတပ်တွေက နေ့စဉ် ကြောက်ရွံ့ထိတ်လန့် ထိခိုက်ဒဏ်ရာ ရရှိသေဆုံးအောင် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ မြိုင် ပကဖ ကထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ် ရော့ကတ်တပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ ဇော်မိုက် BRAF Drone Team ၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်) ၊ မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်)တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။