သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရဲဘော်၊ရဲမေတွေက စုပေါင်း မင်္ဂလာဆွမ်းကျွေး အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ Thaton People Defense Force-TPDF က ဒီကနေ အသိပေး ပါတယ်။
မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စိတ်တူကိုယ်တူ အတူ ဝင်လာတဲ့ ရဲဘော်၊ရဲမေ စုံတွဲများမှ စခန်းအတွင်း မင်္ဂလာ ဆွမ်းကျွေး အဖြစ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မင်္ဂလာဆွမ်းကျွေးအဖြစ်နဲ့ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ကြတယ်လို့လည်း သိရပါတယ်။