နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက် CSC-Japan အဖွဲ့က မြန်မာငွေ ၁၄,၈၂၃,၁၇၀ (သိန်းတစ်ရာလေး ဆယ်ရှစ်သိန်း နှစ်သောင်း သုံးထောင့် တစ်ရာ ခုနှစ်ဆယ်) ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်တိုင်း၊ ရှူး၊တိုးတိုးအစီအစဥ်အတွက် အရေးပေါ်တင်ပြလာမှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်ရဲ့ အတည်ပြုချက် နဲ့ CSC-Japan ပြည်သူ့ကာကွယ်ရေး ထောက်ပံ့တပ်စုက အလုပ်အမှုဆောင်များက ဆုံးဖြတ် ထောက်ပံ့ ပေးခဲ့တာဖြစ်ပါတယ်။
CSC-Japan ထောက်ပို့တပ်စုကလည်း မြေပြင်မှ ပြန်လည်ပေးပို့ လာတဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို လက်ခံရရှိခဲ့ပြီး၊ ကောက်ရိုးမီး မဟုတ်တဲ့ CSC-Japan တပ်စိပ်မှ တာဝန်ကျေ ထောက်ပံ့တပ်သား အယောက်စီတိုင်းကို အလေးပြုတယ်လို့ ဒီနေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။