ရန်ကုန်တိုင်း ပကဖ တာဝန်ခံက တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်းမှာ ဖွဲ့စည်းထားတဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ မှ ရဲဘော်တွေနဲ့ တွေ့ဆုံပြီး လက်နက်ခဲယမ်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ရန်ကုန်တိုင်း ပကဖ တာဝန်ခံက တပ်ဖွဲ့ ၄ မှ ရဲဘော်တွေကို လက်ရှိနိုင်ငံရေး အခြေအနေ၊ လူထုစည်းရုံးရေးနဲ့ စစ်ဆင်ရေးစုဖွဲ့၊ ပြင်ဆင်မှုအခြေအနေများရှင်းလင်းပြောကြားခဲ့ ပါတယ်။
အဲဒီလို ပြောကြားမှုတွေ ပြုလုပ်ပြီးနောက်မှာ တိုက်ခိုက်ရေးတပ်ဖွဲ့(၄)အတွက် လက်နက်/ခဲယမ်း တချို့အား တပ်ဖွဲ့မှူးထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။