အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အလယ်ပိုင်းတိုင်း၊ ကယား(ကရင်နီ)စစ်ဒေသခွဲ၏ အပတ်စဉ် ၂ သင်တန်းဆင်းအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ သစ္စာအဓိဌာန်ရွတ်ဆိုခြင်းနှင့် စစ်ရေးပြအခမ်းအနားများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် တာဝန်ရှိသူများက အားပေးအမှာစကား ပြောကြားခဲ့ကြကြောင်းသိရှိရသည်။
ကယား(ကရင်နီ)စစ်ဒေသခွဲ အပတ်စဉ် ၂ သင်တန်းဆင်းအခမ်းအနားသို့ ကယား(ကရင်နီ) စစ်ဒေသခွဲ ၏ ဦး၊ ရေး၊ ထောက်၊ လှမ်း၊ လုံ တာဝန်ရှိသူများ၊ DMO PDF မှ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)က တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။