တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှဆိုးလ်မြို့စစ်သံရုံးရှေ့အထိ ၂၁ ရက်တာမြန်မာနိုင်ငံစစ်အာဏာသိမ်းမှုအလိုမရှိဆန့်ကျင်ဆန္ဒပြချီတက်လမ်းလျှောက်ပွဲပြုလုပ်ခဲ့သည်မှာ ၆ ရက်ရှိပြီးဖြစ်ပြီး ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဝဲကန်မြို့သို့ ရောက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဝဲကန်မြို့သို့ရောက်ရှိစဥ်တွင် ဝဲကန် ၊ ဂူမိ ၊ ဒယ်ဂူးစသော နီးစပ်ရာမြို့များမှ တော်လှန်ရေးတက်ကြွလှုပ်ရှားသူများဝန်းရံကာ ၆ရက်မြောက်အောင်ပွဲအဖြစ် စုစည်းမှုညီညွတ်မှုသည်အရာအားလုံးကိုအောင်နိုင်ပြီး တော်လှန်ရေးအမြန်အောင်ရန် များများငွေကြေးထောက်ပို့၊ မြန်မြန်အောင်ပွဲရမည်ဖြစ်ကြောင်း ဒယ်ဂူးဘုန်းဘုန်းက မိန့်ကြားကာ ဆက်လက်ဝန်းရံပေးရန် တိုက်တွန်းရင်း ၆ ရက်မြောက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။