အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၃၅ မှ စကစတပ်သား တဦးဟာ ABSDF စစ်ကြောင်း ၂ ထံသို့ မတ် ၃၀ ရက်က MA 1 တလက်၊ ကျည် ၁၂၀ တောင့် တို့ကို ယူဆောင်အလင်းဝင်ခဲ့တာကြောင့် ဂုဏ်ပြုငွေချီးမြှင့်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်
အထက်အရာရှိတွေနဲ့ အခြားသူတွေမှ အနိုင်ကျင့်ထိုးကြိတ်ရိုက်နှက်ခြင်းနဲ့ နှိမ့်ချခွဲခြားဆက်ဆံခံရခြင်းတွေကြောင့် ABSDF တာဝန်ရှိသူတွေထံသို့ ဆက်သွယ်ပြီး ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်းနဲ့ ပြည်သူ့ဘက်ရပ်တည်ပြီး အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တော်လှန်လိုတဲ့ စကစတပ်သားတွေကို ကြိုဆိုလျက်ရှိတယ်လို့ ABSDF မှ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။