မန္တလေး ၊အမရပူရမြို့နယ် ၊မှန်တန်းရပ်မှာရှိတဲ့ လဝက ရုံး ဟာ မနေ့.ညပိုင်းက ဗုံးနဲ့ တိုက်ခိုက်ခံရပြီး ဒုဦးစီးမှူးအပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့စုံစမ်းသိရပါတယ်။
မနေ့ည ၆ နာရီခန့်မှာ ဆိုင်ကယ်စီးအမျိုးသား ၂ ဦး က လဝက ရုံးထဲ ဗုံးပစ်ထည့်သွားတာလို့ စစ်ကောင်စီက ဆိုပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုကြောင့် ဒုဦးစီးမှူးနဲ့ လဝက ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။ ဒဏ်ရာရသူ ၃ ဦးလုံးဟာအမျိုးသမီးတွေဖြစ်ကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဗုံးလာပစ်သွားတဲ့ ဆိုင်ကယ်စီးအမျိုးသား ၂ဦးဟာ PDF လို့စွပ်စွဲထားပါတယ်။