September 30, 2024

Kyaw Kyaw, Tha Din

ရန်ကုန်တိုင်းတစ်တိုင်းတွင် ယနေ့ စစ်မှုထမ်းရန် ဆင့်ခေါ်ထားသည့် လူငယ်များကို မင်္ဂလာဒုံရှိ အရိုးအကြော စစ်ဆေးရုံတွင် ဆေးစစ်မှုများ ပြုလုပ်မည်ဖြစ်ပြီး လူငယ်များကို ပြည်သူများက ကြိုဆိုကြသည့်ပုံစံ လုပ်ကြံ ဖန်တီးကြိုဆိုကြရန် စစ်ကောင်စီက ပြင်ဆင်ထားကြောင်း...
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ပူးပေါင်းပြီး ပြည်သူလူထုကို တော်လှန် အသိတော်လှန်သတိများ ရှိစေရန် အထိုင်သပိတ်အခမ်းအနားနှင့် တော်လှန်ရုပ်ရှင်ပြသခြင်း လှုပ်ရှားပြုလုပ်ခဲ့ကြောင်းသိရသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး ယနေ့ မတ်လ ၂၇ ရက် (တော်လှန်ရေးနေ့)၊ ညနေပိုင်းတွင်”ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ခေါင်းစဥ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ ပြည်သူလူထုအပေါ်...
ဘုတလင်မြို့နယ် ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းနှင့် တ.က.သ ၊ ဗ.က.သ ကျောင်းသားများစုပေါင်း၍ တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် ချီတက်ဆန္ဒပြခဲ့ကြသည်။
ကရင်ပြည်နယ် ဘားအံခရိုင် KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) ဖားအံခရိုင်နယ်မြေရှိ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်နှင့် ဒုံရင်းမြို့နယ်များအတွင်း တပ်မဟာ (၆) ဒူးပလာယာခရိုင်နယ်မြေမှရောက်ရှိလာသော စစ်ဘေးရှောင်များသို့ ထိုင်းနိုင်ငံက ပေးပို့ရောက်ရှိလာသော ထောက်ပံ့မှုများကို...
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဦးဆောင်ပြီး “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံများဖြင့်...
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ တင်စိုးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Phoenix D F Nattalin ထံမှ သိရသည်။...
ပုလဲမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသရှိ ကျေးရွာ၂ သို့ သွားရောက်ကာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက လူထုနိုင်ငံရေးတရားများ ဟောပြောခြင်းနှင့် တော်လှန်ရုပ်ရှင်များပြသခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုတွင် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ Western Chindwin Association...
ရန်ကုန်မြို့တွင် ဗကသများအဖွဲ့ချုပ်က “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြ” စာသားပါ လှုံ့ဆော်စာများကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။