September 25, 2024

Kyaw Kyaw, Tha Din

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယင်းမာပင်မြို့နယ် မီးဘေးသင့်အိမ်ခြေ ၅ လုံးအတွက် မီးဖိုချောင်သုံးပစ္စည်းများ၊စောင်နှင့်စားသောက်ကုန်များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်သော ပြည်သူလူထုနှင့်အတူ ပူးပေါင်းကာ လူထုသပိတ် ၃နှစ်ပြည့်အခမ်းအနား ကို ပြုလုပ်ခဲ့ကြသည်။
ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာများကို လာရောက် ပစ်ခတ်သည့် စစ်တပ်၏ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်ဖြင့် ပစ်ချခံရပြီး အမှတ် ၆၀၀၆...
ဆားလင်းကြီးမြို့နယ် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၇၀ အတွက် ဆန် ၁၃ အိတ်ကို ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Young Force -UG တပ်ဖွဲ့မှ ပြန် ကြားရေး တာဝန်ခံ...
တနင်္သာရီတိုင်း၊ ထားဝယ်မြစ်အတွင်းရှိ စစ်ကောင်စီ​၏ စစ်သင်္ဘောကိုလက်နက်ကြီးနှင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။ အဆိုပါ စစ်သင်္ဘောသည် ပြီးခဲ့သည့် မိုးတွင်းကာလကတည်းက ထားဝယ်မြစ်အတွင်း ဝင် ရောက်လာခြင်းဖြစ်ပြီး အနီးနားရှိ ပြည်သူ့ကာကွယ်ရေးတပ်များအား လက်နက်ကြီးပစ်ကူပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက...
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်နှင့် မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ...
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ၁၀၄၉ ရက်မြောက်နေ့ကို တောင်ယာလုပ်ငန်းခွင်တစ်နေရာတွင် တောင်ယာပြည်သူများနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည် ။