September 22, 2024

Kyaw Thu, Tha Din

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ၂ ရက်ဆက် မီးရှို့ပျက်စီးပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ရွာများကို မွှေနှောက်ပျက်စီးနေကြောင်း နွေဦးတော်လှန်ရေး-မတ္တရာအဖွဲ့မှ တာဝန်ရှိသူ...
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၌ အညာပစ်တိုင်းထောင်လေးများအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၃၅ နှစ် ပြည့်နေ့အဖြစ် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဦးဇော်မင်းထိုက် ဦးဆောင်ကာ ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ် ရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသော အချုပ်သား ၅ ဦး ယမန်နေ့ နံနက်ပိုင်းတွင် အချုပ်ခန်းခေါင်မိုးကိုဖောက်၍ ထွက်ပြေး လွတ်မြောက်သွားပြီး ယနေ့အချိန်အထိ ပြန်လည် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။...
အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးချိန်မှ စတင်၍ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် စစ်ကောင်စီက စစ်ရေးနှင့်အုပ်ချုပ်ရေးများကို လက် လွှတ် နေရပြီး KNU နှင့် မဟာမိတ်တပ်ပေါင်းစု က ပိုမိုထိန်းချုပ် လာနိုင်...