September 22, 2024

Kyaw Thu, Tha Din

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ချောင်းဦးမြို့နယ် လူငယ် အင်အားစု သပိတ်ကော်မတီမှ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် လူငယ့်အားမာန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
လက်ပံတောင်းတောင် ဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၌ ဦး​ကျော်မိုးထွန်းကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင် တော်လှန်ရေးအတွင်း လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့ ပြင်ဦးလွင်မြို့ရှိ စစ်တပ်သိမ်းမြေထဲက မြေကွက်တွေကို ရောင်းချသွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။ ပြင်ဦးလွင်မြို့ ၊ နယ်နမိတ်ထဲက ဧကထောင်ချီရှိတဲ့ စစ်တပ်သိမ်းမြေနဲ့...
ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလပညာရေး စာသင်ကျောင်း တစ်ကျောင်းကို ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၌ ဆန်၊ ဆီနှင့် ငွေကြေး တို့ကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ကျန်းမာရေး ဌာနမှ ဦးစီး၍ ကျေးရွာနေ ပြည်သူများ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ မဖြစ်ပွားစေရန် ရေအိုး၊ ရေကန်များကို စစ်ဆေးမှုများ ပြုလုပ်ပြီး အဘိတ်ဆေးများ လိုက်လံခတ်ပေးခဲ့ကြောင်း သိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်​ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း...