မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၂၂)လမ်းနဲ့ (၈၆)လမ်း ရွေတချောင်းထောင့် မြို့နယ် သမဝါယမရုံးရှေ့ ရပ်ထားတဲ့ စစ်အုပ်စု လက်အောက်ခံ သမ ဦးစီးမှူးရဲ့ကား ဒီမနက်ပိုင်း ဗုံးထုခံရပြီး ကားမှန်တချို့ ထိခိုက်ပျက်စီးပေမယ့် လူထိခိုက်တာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဒီနေ့ မေ(၁၀)ရက် မနက်(၁၁)နာရီက ရွှေတလျောင်းဘေးမှာ ရပ်ထားတဲ့ အောင်မြေသာစံမြို့နယ် စစ်အုပ်စု လက်အောက်ခံ သမဦးစီးပိုင် ဆူဇူကီး ပစ်ကပ်ကားကို ဆိုင်ကယ်နဲ့ အမျိုးသားနှစ်ဦးက တရုတ် ကြိုးဆွဲ လက်ပစ်ဗုံးနဲ့ ပစ်ပေါက်သွားတာလို့ ဆိုပါတယ်။
အဲ့ဒီ ဗုံးထုတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် လုပ်တယ်ဆိုတာ မသိရသေးပါဘူး။
မန္တလေးမှာ စစ်အုပ်စုက ပြည်သူကို ဥပဒေမဲ့ ဖမ်းဆီးငွေညှစ် ရန်ပြု သတ်ဖြတ်တာတွေ လုပ်နေသလို စစ်အုပ်စုနဲ့ ဆက်စပ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။