ဒီတခါတော့ အတည်ပါ BTS ပရိသတ်များရေ။
အဖွဲ့၏အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook သည် ၎င်း၏တစ်ကိုယ်တော်ခေတ် Solo Era ကို တရားဝင်စတင်လိုက်ပြီဖြစ်သည်။
BTS maknae သည် လွန်ခဲ့သောနှစ်များတစ်လျှောက်လုံး ပရိသတ်များအား လက်ဆောင်အဖြစ်သာ single မြောက်မြားစွာကို ထုတ်ဝေခဲ့ပြီး (ARMY ထံ သူ၏ Love Letter ၊ “Still With You”) နှင့် Charlie Puth နှင့်အတူ collab လုပ်ထားသော “Left and Right” , Fahad Al Kubaisi နှင့် သူ၏ကမ္ဘာ့ဖလားသီချင်း “Dreamers” တို့ ထွက်ရှိခဲ့ပြီးပြီ ဖြစ်သည်.
ယခုလာမည့် ၁၄ ဇူလိုင်လ 2023 တွင်တော့ ၎င်း၏ အမှန်တကယ်တစ်ကိုယ်တော် ပွဲဦးထွက်စတင်တော့မည် ဖြစ်သည်။
ဇွန်လ 29 ရက်နေ့တွင် Big Hit မှ Jungkook သည် ၎င်း၏ပထမဆုံး single “Seven” ကို ဇူလိုင်လ 14 ရက်နေ့ နေ့လည် 1 နာရီ KST တွင်ထွက်ရှိမည်ဖြစ်ကြောင်း Weverse မှကြေငြာခဲ့ပြီး သီချင်းသည် Jung Kook ရဲ့ ဆွဲဆောင်မှုကို အပြည့်အ၀ခံစားနိုင်စေမည့် “စိတ်အားထက်သန်သော Energy အပြည့်အဝရရှိမည့် နွေရာသီသီချင်း” ဖြစ်သည်ဟု ဖော်ပြခဲ့သည်။”
သီချင်းခေါင်းစဉ် ကို ပရိသတ်တွေက ဘာအဓိပ္ပာယ်လဲဆိုတာ သေချာမသိပေမယ့် Seven က BTS အဖွဲ့နဲ့ သူတို့ရဲ့ပရိသတ်တွေအတွက် ထူးခြားတဲ့ အဓိပ္ပါယ်ရှိတဲ့ နံပါတ်တစ်ခုဖြစ်ပါတယ် ( အဖွဲ့ထဲက အဖွဲ့ဝင်အရေအတွက်ကြောင့် ပါ ) ။
Jungkook သည် အဖွဲ့၏တရားဝင်စာရင်းတွင် “ခုနစ်ယောက်မြောက်” အဖွဲ့ဝင်လည်းဖြစ်သည်။
“Seven” အတွက် ကနဦးကြေငြာချက်တွင် ၎င်းသည် ဒစ်ဂျစ်တယ်ဖြန့်ချိမှုဖြစ်ကြောင်း ညွှန်ပြသော်လည်း ၎င်းကို Big Hit ဂီတစတိုး US တွင် $1.99 ဖြင့် CD format ဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်သည်။
Jungkook ၏ single အကြောင်းကို တခြားအကြောင်းအရာများ မသိရသေးပါ၊ 2023 ခုနှစ်တစ်လျှောက်လုံးတွင် သူမမောမပန်းကြိုးစား လုပ်ဆောင်ခဲ့သော တစ်ကိုယ်တော်အယ်လ်ဘမ်သည် ယခု Single ထွက်ရှိပြီးမကြာမီတွင် ဖြန့်ချီလာမလားဆိုတာကိုလည်း မသိရသေးပါ။
သေချာတာကတော့ ARMY တွေဟာ Jungkook ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်အတွက် ပါဝင်အားပေးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။