“အလေးပြု
အားလုံးနေကောင်းကြလား။
ကျနော်အခု အမိုက်စား အနက်ရောင် ယူနီဖောင်း (SDT အနက်ရောင် ops ယူနီဖောင်း) ကို ဝတ်ဆင်ပြီး ကျန်းမာစွာ လေ့ကျင့်ခန်း လုပ်နေပါတယ်။
အားလပ်ရက်မှာ ခဏထွက်လာတော့ Na PD မွေးနေ့ကို ကျင်းပရင်း စစ်တပ်ထဲကအကြောင်းကိုသူငယ်ချင်းတွေနဲ့ စကားပြောရတာ ပျော်စရာကောင်းတယ်။
အခု ကျွန်တော် လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်နေပြီး ကိုယ်အလေးချိန် 75 ကီလိုဂရမ်ကို ရောက်လာပါပြီ, ဒါပေမယ့် ကျွန်တော်တို့ ယူနစ်ရဲ့ စစ်သားတွေက တကယ့်ကို တောင့်တင်းတဲ့ ခန္ဓာကိုယ်တွေရှိတာကြောင့် ကျွန်တော် ပိုကြိုးစားရမှာပေါ့။
ကျွန်တော်ဆက်ကြိုးစားလိုက်ပါဦးမယ်။ နှုတ်ဆက်ပါတယ်။”
စစ်မှုမထမ်းခင်မှာ Taehyung ဟာ ကိုယ်အလေးချိန် 61 ကီလိုဂရမ်ရှိခဲ့ပြီး သူတာဝန်ထမ်းဆောင်စဉ်အတွင်း 85 ကီလိုဂရမ်အထိ အလေးချိန်ကို ရောက်အောင်ကြိုးစားမယ်လို့ သူကပြောပြခဲ့ဖူးပါတယ်။
V ၏ မဆုတ်မနစ်သော ဇွဲ နှင့် မြင်သာသောအဆက်မပြတ်တိုးတက်လာမှုတို့က လူတိုင်းကို အထင်ကြီးစေခဲ့သည်။
Taehyung သည် လက်ရှိတွင် စစ်ရဲအထူးတပ်ဖွဲ့ (SDT) ၏ ‘Ssangyong Unit (Double Dragons)’ တွင် တာဝန်ထမ်းဆောင်နေသည်။
V သည် စာရင်းသွင်းကတည်းက၊ (၎င်းတို့၏ တင်းကျပ်သောလေ့ကျင့်မှုများကြောင့် လူသိများသော ) အထူးတပ်ဖွဲ့ (SDT) တွင် ပါဝင်ရန် တမင်ရွေးချယ်ခဲ့ခြင်းအတွက် ချီးကျူးမှုများစွာကို ရရှိခဲ့ပြီး Elite Trainee အဖြစ် သူ့ရဲ့စံပြစွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့ခြင်းကြောင့်လည်း အများ၏ချီးကျူးခြင်းကို ခံခဲ့ရသည်
SDT ၏ တာဝန်များတွင် Terrorism အကြမ်းဖက်မှုကို တိုက်ဖျက်ခြင်း၊ အရေးကြီးသော VIP များကို ကာကွယ်ပေးရခြင်း၊ ကြီးမားသော ရာဇ၀တ်ကောင်များကို ဖမ်းဆီးခြင်း၊ ဓားစာခံများကို ကယ်တင်ခြင်းနှင့် အခြားအရာများ ပါဝင်သည်။
အမြင့်ဆုံးအဆင့်တာဝန်များနှင့် လုံခြုံရေးမြင့်မားရန်လိုအပ်သည့်ကိစ္စရပ်များကိုသာ SDT အား တာဝန်ပေးအပ်လေ့ရှိသည်။
ဤကဲ့သို့သော အလုပ်၏တောင်းဆိုမှုများကြောင့် SDT ၏လေ့ကျင့်ရေးသည် စစ်တပ်ထဲရှိအခြားတပ်ဖွဲ့များထက် ပိုမိုပြင်းထန်သည်။
၎င်းတို့သည် ၎င်းတို့၏ ကန့်သတ်ချက်များကို မြှင့်တင်ရန်၊ အထူးကိုယ်ခံပညာနှင့် စနိုက်ပါကျွမ်းကျင်မှု၊ အဆောက်အအုံများနှင့် ရဟတ်ယာဉ်များမှ ကြိုးနှင့် တွယ်ဆင်းခြင်း စသည့် ခံနိုင်ရည်လေ့ကျင့်မှုများကို ခံယူရမည်ဖြစ်သည်။
SDT အတွက် စစ်သားစတင်စုဆောင်းရာတွင်လည်း စာရွက်စာတမ်းစစ်ဆေးမှုများ၊ အင်တာဗျူးများသာမက physical fitness ကြံ့ခိုင်မှု အကဲဖြတ်ခြင်းများပါ ပါဝင်သည်။ အကုန်ကျော်ဖြတ်ပြီး အောင်မြင်မှသာ SDT အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်
ARMY ဟုလူသိများသော BTS ၏ပရိသတ်များက V သည် စစ်တပ်၏ Elite ထိပ်တန်းအထူးယူနစ် SDT ကို ရွေးချယ်သွားရောက်ခဲ့သည့်အတွက် အံ့အားသင့်ခဲ့ကြပြီး ဂုဏ်လည်းယူနေကြသည်