2023 ခုနှစ် ဒီဇင်ဘာလ 20 ရက်နေ့တွင် News1 မှ ဖော်ပြချက်အရ တစ်နိုင်ငံလုံးတွင် စတိုးဆိုင်ပေါင်း 2,400 ရှိသည့် တောင်ကိုရီးယား၏အကြီးဆုံးကော်ဖီလုပ်ငန်းဖြစ်သော ‘Compose Coffee’ က BTS’s V ကို အမှတ်တံဆိပ်ကိုမြှင့်တင်ရန်နှင့် နိုင်ငံရပ်ခြားအရောင်းတိုးချဲ့မှုအရှိန်မြှင့်ရန်အတွက် မော်ဒယ်အသစ်အဖြစ် ရွေးချယ်ခဲ့သည်။
စစ်မှုထမ်း မစမှီ နောက်ဆုံးနေ့မှာ Taehyung ရဲ့ Instagram မှာ တင်ထားခဲ့တဲ့ “ကျွန်တော်ပြန်လာမှာပါ” ဆိုတဲ့ စာတန်းနဲ့ ကော်ဖီအိုးကိုင်ထားတဲ့ ဓာတ်ပုံဟာ ‘Compose Coffee’ နှင့် brand partner ဖြစ်လာတဲ့အတွက် ‘spoiler’ ပေးခဲ့တာဖြစ်မယ်လို့ ပရိသတ်များက ထင်နေကြသည်။
V သည် 2024 ခုနှစ် ဇန်နဝါရီလတွင် Compose Coffee Commercial အသစ်တွင် သူ့ရဲ့သရုပ်ဆောင်စွမ်းရည်များကို ပြသခဲ့သည်။
“Compose Coffee” အတွက် ကြော်ငြာအသစ်တွင် V သည် Barista အဖြစ်သာမက customer အဖြစ်လည်း ၂ကိုယ်ခွဲပြီး ပါဝင်ထားသည်
လက်သုတ်ပဝါပေါ်တွင် သီချင်း notes အချို့ရေးစပ်ပြီး “V is a Composer, eVeryone is a Composer” ဟု ကြော်ငြာ၏ tagline ကို V က ပြောသည်။
Brand ရဲ့ 10 နှစ်မြောက်နှစ်ပတ်လည်အတွက် မော်ဒယ်တစ်ဦးအဖြစ် ရွေးချယ်ခံရသော V ရဲ့ classy ဖြစ်သော, ခန့်ညားသော ပုံရိပ်လေးက ဒီ role အတွက် အံဝင်ခွင်ကျပင် ဖြစ်သည်။
V ၏ Compose Coffee နှင့် ပေါင်းစည်းခြင်း၏ သက်ရောက်မှုသည် ဒစ်ဂျစ်တယ်မျက်နှာစာတွင် ပို၍သိသာစေသည်။
ကော်ဖီ franchise ၏ app သည် V နှင့်ကြေငြာချက်ကြောင့် အသုံးပြုသူအသစ် 2.6 သန်းကျော်ကို ရရှိခဲ့သည်။
Compose Coffee ၏တရားဝင်ပလက်ဖောင်းပေါ်တွင် မကြာသေးမှီက ပြသခဲ့သည့် Behind-the-scenes video တွင် V ရဲ့ New role ကို မိတ်ဆက်ပြသခဲ့သည်။ V က Compose Menu မှ သူ့ရဲ့ personal favorite က Citron Tea ဖြစ်ကြောင်းကို ထုတ်ပြောခဲ့တယ် (သူ့အဖွားနဲ့ အမြဲတမ်းသောက်ခဲ့ဖူးတဲ့ drink လေးမို့လို့ပါ)
Compose Coffee နှင့် V ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် Franchise ရဲ့ရောင်းအားလည်း သိသိသာသာ မြင့်တက်လာပြီဖြစ်သည်။
ဗီဒီယိုထွက်ရှိပြီး နှစ်ရက်အတွင်း Compose Coffee သည် Citron Tea ရောင်းချမှုတွင် 72% အထိ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့ကြောင်း Sales Update တွင် ဖော်ပြခဲ့သည်။
၎င်း၏ သိသိသာသာ အရောင်းမြှင့်တက်မှုသည် ယခင်နှစ်၏ အလားတူဆက်စပ်ကာလနှင့် တိုင်းတာဖော်ပြထားခြင်းဖြစ်သည်
ဒီ data များက Customer များ၏ နှစ်သက်မှုနှင့် engagement ကို မောင်းနှင်ရာတွင် V ၏ သြဇာညောင်းသော အခန်းကဏ္ဍကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါသည်။