K Media များက BTS V သည် စစ်မှုမထမ်းမီ IU ၏ သီချင်းသစ်တေးဗီဒီယိုတွင် ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။
“IU က နောက်နှစ် 2024 ပထမနှစ်ဝက်မှာ အယ်လ်ဘမ်အသစ်ထွက်ဖို့ ရည်မှန်းထားပါတယ်။ ထွက်ရှိမည့်ရက်အတိအကျကို မသတ်မှတ်ရသေးသော်လည်း V သည် December 11 ရက်နေ့တွင် စစ်မှုစထမ်းပြီဖြစ်သောကြောင့် V ၏အချိန်ဇယားကို ထည့်သွင်းစဉ်းစားကာ ဂီတဗီဒီယိုကို အမြန်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။”
ယခင်က IU ၏ YouTube ချန်နယ် ‘IU’s Palette’ တွင် ဧည့်သည်အဖြစ် ပါဝင်ခြင်းဖြင့် V သည် ၎င်းတို့၂ဦး၏ အထူးရင်းနှီးမှုကို သက်သေပြခဲ့သည်။
သူတို့နှစ်ဦးဟာ အထူးသဖြင့်တော့ဂီတအကြောင်းပြောရင်း စတင် ရင်းနှီးလာခဲ့ကြပြီး အခုချိန်မှာတော့ သူငယ်ချင်းလို ဖက်လှဲတကင်း ပြောဆိုဆက်ဆံကြတဲ့အထိ ခင်မင်ရင်းနှီးနေကြပြီ ဖြစ်ပါတယ် “
ဒီဇင်ဘာလ 5 ရက်နေ့တုန်းက V ရဲ့အေဂျင်စီ BigHit Music က “IU ရဲ့ သီချင်းအသစ်အတွက် MV မှာ သူပါဝင်မယ်ဆိုတာ မှန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီ MV က V က စစ်မှုထမ်းစဉ်မှာ ပရိသတ်တွေအတွက် ပေးတဲ့လက်ဆောင်ဖြစ်ပါတယ် လို့ ဆိုပါတယ်..
IU ၏အေဂျင်စီ E-Dam Entertainment မှ တာဝန်ရှိသူတစ်ဦးက “IU သည် BTS ၏ V နှင့် ဂီတဗီဒီယိုကို ရိုက်ကူးပြီးစီးခဲ့ပြီး 2024 ပထမနှစ်ဝက်တွင် အယ်လ်ဘမ်အသစ်ကို ထွက်ရှိဖို့ ပြင်ဆင်နေပါသည်။
လောလောဆယ်မှာတော့ IU ဟာ ‘I Was Fooled’ ဒရာမာနောက်ဆုံးရိုက်ကူးရေးနဲ့ အယ်လ်ဘမ်သစ်ပြင်ဆင်မှုတို့ကြောင့် မယုံနိုင်လောက်အောင် အလုပ်များတယ်လို့ ဆိုပါတယ်။”
V သည် ဒီဇင်ဘာ ၁၁ ရက်နေ့၌ စတင် စစ်မှုထမ်းရန် စီစဉ်ထားသည်။
လေ့ကျင့်ရေးစခန်း ဝင်ဖို့ တစ်ပတ်တောင် မလိုတော့တဲ့ အချိန်မှာတောင် IU ရဲ့ ဂီတဗီဒီယိုမှာ ပါဝင်ဖို့ ယခုလို ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ မျှော်လင့်ချက်တွေ ပိုတိုးလာစေတာ အမှန်ပါပဲ။”