Calvin Klein သည် BTS ၏ Jungkook နဲ့အတူရင်သပ်ရှုမောဖွယ်ကောင်းသော Black & White ကမ်ပိန်းဖြင့် နွေဦးရာသီကို ကြိုဆိုလိုက်ပါသည်။
2023 ခုနှစ် မတ်လတွင် Calvin Klein Global Brand Ambassador အဖြစ် ကြေညာခံခဲ့ရသော Jungkook သည် ၎င်းအမှတ်တံဆိပ်၏ နွေဦးရာသီ 2024 ကတ်တလောက်ကို အရောင်းမြှင့်တင်သည့် Calvin Klein Jeans ၏ နောက်ဆုံးပေါ် ကမ်ပိန်းတွင် အချက်အချာနေရာမှ ပါဝင်ထားသည်။
Jungkook ၏ Calvin Klein Jeans Spring 2024 ကမ်ပိန်းကို ရိုက်ကူးထားသူကတော့ Mert Alas ဖြစ်ပါတယ်
သူက Fashion လောက်မှာ အလွန်ထင်ရှားကျော်ကြားသော Iconic Photography Duo ဖြစ်တဲ့ Mert and Marcus အဖွဲ့ရဲ့ ဦးဆောင်သူ ၂ယောက်ထဲမှ ၁ယောက်အဖြစ် လူသိများကျော်ကြားပါသည်။
ကမ်ပိန်းရိုက်ချက်များအတွက် Jungkook သည် New York City’s Grand Central Station နှင့် studio setting ၂မျိုးလုံးတွင် Calvin Klein Jeans မှ အသစ်ထွက်ရှိမယ့် ဂျင်းဘောင်းဘီအသစ်၊ ချည်သားနှင့် leather ဝတ်စုံများကို ၀တ်ဆင်ထားပြီး pose ပေးထားပါသည်။
Shoot နှင့် ၎င်း၏တွဲဖက်ဗီဒီယိုများအတွက် Emmanuelle Alt မှ style ထုတ်ပေးထားသည်။
Brand ၏ သတင်းထုတ်ပြန်ချက်အရ၊ ကမ်ပိန်း၏ ရည်ရွယ်ချက်မှာ ကြယ်ပွင့်၏ “Global Pop-star” အဆင့်အတန်းကို ပိုမိုမြှင့်တင်ရန်ဖြစ်ပြီး JK ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ပြသရန်ဖြစ်သည်။
ကမ်ပိန်းတွင် Jungkook ၏ဝတ်စုံများသည် “Calvin Klein Jeans ၏ နုပျိုသောစွမ်းအင်နှင့် တမူထူးခြားသော minimal ဒီဇိုင်းကုဒ်များ” ကိုကိုယ်စားပြုသည့် Wardrobe Essentials များဖြစ်သည်။
အဓိက ဝတ်စုံများကတော့ ‘90s Straight Fit Jeans နှင့် Oversized Monogram T-shirt တို့ဖြစ်သည်။
Jungkook သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တောင်ကိုရီးယားတွင် ၎င်း၏မဖြစ်မနေ စစ်မှုထမ်းခြင်းမစမီ ဒီ campaign ကိုရိုက်ကူးခဲ့ဖွယ်ရှိသည်။
Calvin Klein သည် Jungkook ၏ပုံသစ်များနှင့် full campaign တစ်ခုလုံးကို ဖေဖော်ဝါရီလ 16 ရက်နေ့တွင် တရားဝင်စတင်ရောင်းချနေပြီဖြစ်သည်။
ဒီနှစ် JUNGKOOK ၏ SS24 Campaign အတွက်ကို Calvin Klein ဘက်မှ Grand Central Station လို့အမည်ရတဲ့ New York က နာမည်ကျော် ရထားဘူတာရုံ တစ်ခုလုံးကို ပိတ်သိမ်းပြီး ၊ JUNGKOOK အတွက် ကြော်ငြာရိုက်ကူးခကို အမေရိကန် ဒေါ်လာ 10Million ဝန်းကျင် သုံးစွဲပေးခဲ့ပါတယ်