❛ အကြာကြီး စောင့်ခဲ့ရတဲ့ ပထမဆုံး solo world tour အကြောင်းနဲ့ သီချင်းတွေကနေ တဆင့် ပေးချင်တဲ့ message ❜
Q : Solo tour နဲ့ ပတ်သက်ပြီး ဘာကို focus ထားခဲ့လဲ ။
SUGA : tour အတွက် Setlist အကုန်လုံးကို တကိုယ်တော် ပထမဆုံး ဖျော်ဖြေရမှာဆိုတော့ အများကြီး ကြိုပြင်ဆင်ခဲ့ပါတယ် ။ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ လိုအပ်တယ်လို့ တွေးမိတာမို့ performance အတွက် လေ့ကျင့်တဲ့ အချိန်မှာ လေ့ကျင့်ခန်းတွေ အများကြီး လုပ်ဖြစ်တယ် ။
live performance အတွက်လည်း သေချာပေါက် အများကြီး လေ့ကျင့်ရတာပေါ့ ။
Q : member တွေစီကကော album နဲ့ tour အတွက် ဘယ်လို message တွေ ရခဲ့လဲ ။
SUGA : member တွေ အကုန်လုံးက tour လုပ်ရတာ မလွယ်ကူဘူးဆိုတာ သိတာမို့ ကျန်းမာရေး ဂရုစိုက်ဖို့ အတော်လေး ပြောကြပါတယ် ။
Q : အရင်ကတည်းက မင်းက world tour ထွက်နေတုန်းလည်း သီချင်းတွေ ဖန်တီးခဲ့တယ်နော် ။ အခု your မှာရော သီချင်းအသစ်တွေ ထပ်ဖန်တီးဖြစ်သေးလား ။
SUGA : အမြဲတမ်း သီချင်းရေးနေတာမို့ အဲ့အတွက်ဆိုပြီး အချိန်သပ်သပ် မထားပါဘူး ။ အမြဲတမ်း ရေးဖြစ်နေတာပါပဲ..
Q : documentary film ဖြစ်တဲ့ SUGA : Road to D-Day ထဲမှာ သီချင်းရေးဖို့အတွက် message မစဉ်းစားနိုင်လို့ အခက်တွေ့ခဲ့ရတဲ့ အကြောင်းတွေကို ပြထားတယ်နော် ။ ဆိုတော့ ကမ္ဘာလှည့်ပြီး tour လုပ်တဲ့ အချိန်မှာကော message အသစ်တွေ ရလာခဲ့လား ။
SUGA : production အတွက် အလုပ်လုပ်ပြီဆိုရင် ‘ ဘယ်လို ပုံစံမျိုး ချပြရမလဲ ’ ‘ ဘယ်လို message တွေ ထည့်ရမလဲ ’ ဆိုတဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး အမြဲလိုလို စိုးရိမ်စိတ် ဝင်တယ် ။
သိပ်မကြာခင်မှာပဲ သီချင်းရေးဖို့ အကြောင်းအရာပေါ်လာတာနဲ့ ချက်ချင်းထရေးလိုက်တာမျိုး အဲ့လိုမျိုးပုံစံနဲ့ အလုပ်ကို စလုပ်ခဲ့ပါတယ် ။
solo album ဖြစ်တဲ့ D-Day ကို လုပ်နေတဲ့ ကာလတစ်လျှောက် ချပြချင်တဲ့ စကားလုံးတွေက ချက်ချင်းဆိုသလို ပေါ်ပေါ် လာခဲ့တာ ။ ဒီစကားလုံးတွေကလည်း အနာဂတ်မှာ ထပ်ပြီး ထွက်လာဦးမယ်လို့ တွေးမိပါတယ် ။
Q : Japan Performance အတွက် မျှော်လင့်နေတဲ့ အရာမျိုး ရှိလား ။
SUGA : Japan မှာ နောက်ဆုံး လုပ်ခဲ့တဲ့ tour က 2019 တုန်းကပါ ။ အဲ့ဒါပြီးတော့ Japan မှာ ဖျော်ဖြေချင်ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး ။
ဒါက ပထမဆုံး အကြာကြီးနေမှ နောက်ထပ်တစ်ခါ ဖျော်ဖြေခွင့်ရတာ ဆိုတော့ BTS ရဲ့ ဖျော်ဖြေမှုတွေကို စောင့်နေတဲ့ သူတွေ ပျော်ရွှင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
“ ဂီတ ၊ Career ၊ members တွေနဲ့ ဆက်ဆံရေး ”
Q : အခုဆိုရင် rap တွေ ရေးလာတာ အစကနေဆိုရင် နှစ် နှစ်ဆယ်လောက် ရှိပြီပေါ့ ။ ဒါပေမဲ့ အခုကော ဂီတ ဆိုတဲ့ အရာက မင်းအပေါ် ဘယ်လို ပြောင်းလဲသွားလဲ ။
SUGA : အစကတော့ ဒါကို ကံကြမ္မာလို့ တွေးခဲ့တယ် ။ သီချင်းတွေ စရေးပြီး ဖန်တီးတုန်းကဆို ငါမုန်းတဲ့ သူငယ်ချင်း တစ်ယောက်လိုမျိုး ဖြစ်ခဲ့တာ ။
အခုကတော့ ငါနဲ့ တစ်သက်လုံး အတူတူဖြတ်သန်းမဲ့ မိသားစုလို့ မြင်ပါတယ် ။
Q : ဒီအလုပ်နဲ့ ပတ်သက်ပြီး ဘဝမှာ အလှည့်အပြောင်းက ဘာဖြစ်မလဲ ။
SUGA : 2017 တုန်းက Billboard Music Awards ကို ပထမဆုံးသွားတုန်းက ဘဝရဲ့ အလှည့်အပြောင်းပါပဲ ။
Q : ဒီနှစ် ဇွန်လဆိုရင် မင်းက BTS အဖြစ် debut ခဲ့တာ 10 နှစ်ရှိပြီပေါ့နော် ။ လွန်ခဲ့တဲ့ 10 နှစ် အတွက် ဘယ်လို ခံစားချက်မျိုးတွေ ရှိလဲ ။
SUGA : ကျေးဇူးတင်တယ် ။ composer အဖြစ် သီချင်းတွေ ဖန်တီးခဲ့တာ debut မတိုင်ခင်ကတည်းကပါ ။ ဒါပေမဲ့ အဲ့တုန်းက ဘယ်သူမှ နားမထောင်တဲ့ ဂီတတွေကို ဖန်တီးတဲ့ နာမည်မရှိ composer ပေါ့ ။ အခု ငါ့ရဲ့ သီချင်းတွေကို နားထောင်တဲ့ fan တွေ အများကြီးကို တွေ့ရပြီ ။ အမြဲတမ်း ကျေးဇူးတင်စိတ်နဲ့ နေထိုင်နေပါတယ် ။
Q : လွန်ခဲ့တဲ့ 10 နှစ်တာကာလမှာ အမှတ်အရဆုံး အဖြစ်အပျက်က ဘာဖြစ်မလဲ ။ လုပ်ခဲ့သမျှတွေထဲ
အပျော်ဆုံး အရာက ဘယ်အရာဖြစ်မလဲ ။
SUGA : members တွေနဲ့အတူတူ tour လုပ်တုန်းက အကြောင်းအရာတွေကို အမှတ်အရဆုံးပဲ ။ အပျော်ဆုံး ဆိုရင်တော့ စင်ပေါ်မှာ ရှိနေရတဲ့ ( ဖျော်ဖြေနေရတဲ့ ) အချိန်တိုင်းပါပဲ ။
Q : မင်းကအမြဲလိုလို အနာဂတ်မှာ BTS members 7 ယောက်လုံး အမြဲတမ်း အတူရှိနေမယ်လို့ ပြောလေ့ရှိတယ်နော် ။ အဲ့အနာဂတ်အတွက် တန်ဖိုးက ဘာဖြစ်မလဲ ။
SUGA : ငါတို့ 7 ယောက်လုံး အနာဂတ်မှာ အတူရှိနေမယ်လို့ အခိုင်အမာ ယုံကြည်တယ် ။ ငါတို့တွေ ကိုယ့်အတွက်ကိုယ် ဆောင်ရွက်နေကြတဲ့ အချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် လေးစားမှု ထားကြတယ် ။ “ လေးစားမှု ” က အဖိုးအတန်ဆုံး အရာလို့ ထင်ပါတယ် ။
Q : လွန်ခဲ့တဲ့ ၂နှစ် GQ KOREA interview မှာ “ ငါ့မှာ လောလောဆယ် အိပ်မက်မရှိသေးဘူး ဒါပေမဲ့ အဲ့ဒါ ကပိုလွယ်ကူစေပါတယ် ” လို့ ပြောခဲ့ပြီး documentary film ဖြစ်တဲ့ SUGA : Road to D-Day မှာကျ လောလောဆယ် လုပ်ချင်တာ မရှိဘူးလို့ ပြောခဲ့တယ်နော် ။
ဆိုတော့ အခုကော မင်းမှာ အိပ်မက်ရှိလာပြီလား ။
လက်ရှိအချိန်ကို တန်ဖိုထားချင်တယ်လို့ ပြောခဲ့တော့ နောက်ထပ် အိပ်မက်ကကော ဘာဖြစ်မလဲ ။
SUGA : အိပ်မက်အတော်အများက တကယ်ဖြစ်လာနေပါပြီ ။ ငါတို့ 7 ယောက်လုံး စင်ပေါ်မှာ အချိန်အတော်အကြာအထိ အတူတူဖျော်ဖြေပြီး သီချင်းတွေ အတူတူ လုပ်ကြတယ် ဆိုတဲ့ အိပ်မက်က လွဲလို့ပေါ့ ။
Q : ဂျူနီယာတွေကို / မင်းကို လေးစားအားကျတဲ့သူတွေကို ပေးချင်တဲ့ message ရှိရင် ပြောပြပေးပါဦး ။
SUGA : အားလုံးက အဆင်ပြေသွားမှာပါ ။
တစ်ခါတလေကျရင် အခုရောက်နေတဲ့ အချိန်က အဆိုးဝါးဆုံးပဲလို တွေးမိတာမျိုးတွေ ရှိမယ် ။
ငါလည်း အဲ့လိုရှိခဲ့တာပဲ ။
ဒါပေမဲ့ အခုကျ အဲ့အချိန်တွေကို ပြန်လှည့်ကြည့်လိုက်ရင် အမှတ်တရ သာသာပါပဲ
ပြီးတော့ အဲ့ကနေမှ တဆင့် ပြန်ပြီး သင်ယူနိုင်တယ် ။ ဒါနဲ့ အားလုံးက အဆင်ပြေသွားမှာပါ ။