“ ခွဲခြားလို့မရတဲ့ ‘ စိတ် ’ ၊ ‘ ခန္ဓာ ’ နဲ့ စိတ်ကို ဘယ်လို ရင်ဆိုင်မလဲ ”
Q : “နောင်တရစရာတွေက အတိတ်မှာ ၊ စိုးရိမ်ပူပန်မှုက အနာဂတ်မှာ , ပြီးတော့ လက်ရှိကိုပဲ အာရုံစိုက်ပါ” လို့ ပြောတာ ကြားဖူးတယ် ။ မင်းအဲ့ဒီအတွေးအခေါ်မျိုး ဘယ်က ရခဲ့လဲ ။ စိတ်သဘောထား ဆိုတဲ့အရာကို လေ့လာခဲ့တာလား ။
SUGA : ငယ်ငယ်ကတော့ အတိတ်နဲ့ အနာဂတ်အတွက် အရမ်း စိုးရိမ်ပူပန်မှု များခဲ့တယ် ။ ငါဘာမှမလုပ်နိုင်တော့မှာကို စိုးရိမ်ရင်း စိုးရိမ်နေခဲ့တာ ။ အချက်တစ်ခုအနေနဲ့ ဒီပူပန်မှုတွေထဲက တစ်ခုကို လျော့ချလိုက်ရင် နည်းနည်းဖြစ်ဖြစ် ပိုအဆင်ပြေသွားမှာပဲလို့ တွေးမိပြီး တရားထိုင်ကြည့်တယ် ၊ သင်ယူလေ့လာမှုတွေ လုပ်ပြီး အရင်ကနဲ့ မတူတဲ့ အရာတွေ လုပ်ကြည့်ဖြစ်တယ် ။
Q : ကမ္ဘာပေါ်မှာ နဂိုအတိုင်းတည်ရှိနေဖို့ အတွက် ဘယ်အရာက အရေးအကြီးဆုံးလို့ ထင်လဲ ။ ဘာပဲဖြစ်ဖြစ်လေ နဂိုအတိုင်းရှိနေဖို့ဆိုတာ ဘာမှမအားထုတ်ဘဲ ရမှာမဟုတ်ဘူးလေ ။ အဲ့တော့ ဘဝမှာ နဂိုအတိုင်း ဖြစ်တဲ့ စစ်မှန်တဲ့လူမျိုးက ဘယ်လိုလူမျိုးလို့ ထင်လဲ ။
SUGA : ငါက သဘာဝအတိုင်း နေထိုင်တဲ့ လူမျိုးပါ ။ အလုပ်အကုန်လုံးကို ထောင့်စေ့ပြီးပြည့်စုံအောင် ဖြစ်ဖို့ struggle ဖြစ်ပြီး ဗျာများမနေတတ်တဲ့လူ ၊ မလုပ်နိုင်တာကို မကွယ်ဝှက်ထားတဲ့လူ ၊ ပြီးတော့ ငါဘယ်လိုလူမျိုးလဲဆိုတာကို ထုတ်ပြတဲ့ လူမျိုးပေါ့ ။
Q : စိတ်နဲ့ ကိုယ်ခန္ဓာ ဆက်နွယ်မှုအပေါ် ဘယ်လို ခံစားရလဲ ။
SUGA : အကယ်၍ မင်းရဲ့ စိတ်အခြေအနေက ပုံမှန်မဟုတ်ဘူး စိုးရိမ်သောကတွေ ရှိနေမယ်ဆိုရင် မင်းရဲ့ ခန္ဂာကိုယ်ပုံစံ ကို ထိန်းနေရင်တောင် ပုံမှန်မဟုတ်တော့တာတွေ ဖြစ်လာနိုင်တယ် ။ တခြားတစ်မျိုးဆိုရင် မင်းက သိပ်ပြီး နေမကောင်းဘူးဆိုရင် အဲ့ဒါမင်းရဲ့ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာနိုင်တယ် ။ ဆိုတော့ စိတ်နဲ့ ကိုယ်ခန္ဓာဆိုတာက အချင်းချင်း balance ဖြစ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ် ။
“ စင်မြင့်အောက်က SUGA ရဲ့ ပုံရိပ် ၊ Min Yoongi ရဲ့ တကယ့်ပုံစံ ”
Q : မင်းရဲ့ personality ကို စကားလုံးသုံးလုံးတည်းနဲ့ ဖော်ပြမယ်ဆိုရင် အဲ့တာ ဘာတွေ ဖြစ်မလဲ ။
SUGA : အာ…. ကြည့်ရအောင် အဲ့လိုက ခက်တယ်နော် ဟုတ်တယ်မလား ။
- သေချာမသိနိုင်တဲ့သူ
- တည်ငြိမ်တဲ့သူ
- လေ့လာနေတဲ့သူ
Q : SUGA : Road to D-Day documentary film ထဲမှာ မင်းက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သူငယ်ချင်းတွေကို တွေ့ချင်တယ်လို့ ပြောတယ်နော် ။ ဆိုတော့ မင်းမှာ ဘယ်လို သူငယ်ချင်းမျိုးတွေ ရှိလဲ ။
D-2 recording ဖြစ်တဲ့ ‘ Dear My Friend ’ ထဲမှာ ပြောင်းလဲသွားကြတဲ့ သူငယ်ချင်း ဆက်ဆံရေးအကြောင်းကို ဆိုခဲ့တယ်ပေါ့ ။ ဆက်ဆံရေးက ဘယ်လိုမျိုး ပြောင်းလဲခဲ့လဲ ။
SUGA : အခု အရမ်းရင်းနှီးနေတဲ့ သူငယ်ချင်းတွေနဲ့က အချင်းချင်း လိုချင်တာမျိုးတွေ မရှိကြဘူး ။ ဒီလို သူငယ်ချင်းဆက်ဆံရေးမျိုးက အကောင်းဆုံး စံပုံစံပဲလို့ ထင်ပါတယ် ။
Q : မင်းသဘောကျတဲ့ လူပုံစံမျိုးက ။
SUGA : သဘာဝအတိုင်းရှိနေတဲ့လူမျိုး ပြီးတော့ အကောင်းမြင်တတ်တဲ့ လူမျိုး ။
Q : fashion ကို ဘယ်လို ဖော်ပြမလဲ ။
SUGA : သက်သောင့်သက်သာရှိမှု။
Q : မင်းက တကယ်ကြည်လင်တဲ့ အသားရည်ရှိတာပဲ ။ beauty routine က ။
SUGA : routine ဆိုပြီး မရှိပါဘူး ။ lotion ပဲ လိမ်းတာ ။
Q : နောက်ဆုံးအနေနဲ့ ARMY ဆိုတာ မင်းအတွက် ဘယ်လိုအရာမျိုးလဲ။
SUGA : သီချင်းတွေ ဖန်တီးပြီး စင်ပေါ်မှာ ဖျော်ဖြေရတာက ပျော်စရာကောင်းပေမဲ့ အဲ့ဒါက fan တွေရှိမှ ဖြစ်နိုင်တဲ့ အရာပါ ။
ကြီးမားတဲ့ စင်ပေါ်မှာ တစ်ယောက်တည်း ရပ်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အချက်ပဲ ။ ARMY တွေက ငါ့ရဲ့ လုပ်ဆောင်ချက်တိုင်းမှာ တစ်ဝက်ပါဝင်တယ်လို့ ယုံကြည်ပါတယ် ။ ARMY တွေကြောင့်သာ ငါအခုလိုအခြေအနေ ဖြစ်လာနိုင်တာပါ ။