BTS Suga က သူ့ရဲ့ Agust D TOUR ‘D-DAY’ ရုပ်ရှင်နဲ့ သူ့ရဲ့ပြိုင်ဘက်ကင်းသော အနုပညာစွမ်းရည်နှင့် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအပေါ် သူ့ရဲ့ ဂီတနဲ့ လွှမ်းမိုးနိုင်မှုကို သက်သေအဖြစ် ပြသနိုင်ခဲ့သည်။
“BTS Suga ၏ Agust D’s SUGA│Agust D TOUR ‘D-DAY’ ဇာတ်ကားသည် ဧပြီလ 10-14 ရက်ပြသမှုများအတွက် တစ်နှစ်တာဝင်ငွေ အကောင်းဆုံးဖျော်ဖြေပွဲရုပ်ရှင်အဖြစ် စံချိန်ထူနိုင်ခဲ့သည်၊” ဟု ၎င်းရုပ်ရှင်ကို တာဝန်ယူ ဖြန့်ချီခဲ့သည့် Trafalgar Releasing နှင့် HYBE တို့က မကြာသေးမှီက statement ထုတ်ပြန်ခဲ့သည်၊
ဒီဇာတ်ကားဟာ ပြည်တွင်းက ကြည့်ရှုသူတွေကိုသာမက နိုင်ငံတကာမှာပါ အကြီးအကျယ် အောင်မြင်မှုတွေ ရရှိခဲ့ပြီး 2024 ခုနှစ်မှာ အမေရိကမှာ အမြတ်အစွန်းအများဆုံး K-pop ဖျော်ဖြေပွဲ ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
Concert Film ရဲ့ ကြီးမားတဲ့ဆွဲဆောင်မှု၊ Suga ရဲ့ ထူးခြားတဲ့ ဂီတစွမ်းရည်တွေနဲ့ ပရိသတ်၏ မယိမ်းယိုင်သော အားပေးမှုတွေကြောင့် ဒီလို မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်
SUGA | D-Day Tour အတွင်း မြို့ပေါင်း 10 မြို့ကျော်ကို သွားရောက်ခဲ့ပြီး သန်းနှင့်ချီသော ပရိသတ်များ ကို show စုစုပေါင်း 25 ခုဖြင့် အောင်မြင်စွာ တင်ဆက်ခဲ့သည်
ယခု Agust D Tour ‘D-DAY’ ရုပ်ရှင်သည် THE FINAL နောက်ဆုံး show ၃ ပွဲကို စုပေါင်းထားပြီး အထင်ကြီးလောက်စရာကောင်းသော ဇာတ်လမ်း တည်းဖြတ်မှုဖြင့် တင်ဆက်ထားခြင်း ဖြစ်သည်
အဆိုပါရုပ်ရှင်ကို နေရာပေါင်း ၁၀၀ ကျော်ရှိ ရုပ်ရှင်ရုံ 3,500 ကျော်တွင် ( demand များလွန်းလို့ အပိုထပ်တိုးပြသရသော ပွဲချိန်များ အပါအဝင်) ဧပြီလ 10 နှင့် 13 ရက်နေ့တွင် အကြီးအကျယ်ရုံတင် ပြသခဲ့သည်ဟု Trafalgar Releasing မှသတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဇာတ်ကားသည် ဧပြီလ 10 ရက်နေ့တွင် မြောက်အမေရိကရှိ Box Office တွင် နံပါတ် (၂) နေရာတွင် ပွဲဦးထွက်ခဲ့ပြီး ဧပြီလ 13 ရက်နေ့တွင် နံပါတ် (၈) နေရာကို ရရှိခဲ့ကာ မြောက်အမေရိက၁ခုတည်းမှ ယခုအချိန်အထိ စုစုပေါင်းဝင်ငွေ dollar 2.3 သန်း ရရှိခဲ့သည်။ အဆိုပါရုပ်ရှင်သည် မြောက်အမေရိကနှင့် ကမ္ဘာလုံးဆိုင်ရာ Weekend Top 10 စာရင်းတွင်လည်း ပါဝင်ခဲ့သည်။
မက္ကဆီကို တွင်လည်း စုစုပေါင်းဒေါ်လာ 2.58 သန်းဖြင့် ထိပ်တန်းရောက်ရှိခဲ့ပြီး weekend ဇယားတွင် နံပါတ်နှစ်နေရာက ဝင်ရောက်ခဲ့သည်
အခြား သိသာထင်ရှားသော ဒေသတွင်း ၀င်ငွေများမှာ ဘရာဇီးနှင့် ဂျာမနီတို့မှ ဖြစ်သည်။
ပုံမှန်ရုပ်ရှင်ဖော်မတ်များအပြင် SUGA│Agust D TOUR ‘D-DAY’ ရုပ်ရှင်သည် နိုင်ငံတကာတွင် ၎င်းရုပ်ရှင်၏ သီးသန့်ပရီမီယံပါတနာဖြစ်သော အကြီးဆုံး screen များဖြင့်ပြသသည့် IMAX ရုပ်ရှင်ရုံများတွင်လည်း တွင် ပြသခဲ့ပြီး ဒေါ်လာ 2.04 သန်း ရရှိခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာစုစုပေါင်းဒေါ်လာ ၁၀ သန်း+ ဆိုတာက သတင်းထုတ်ပြန်ချက်၏ထုတ်ဝေသည့်ရက်စွဲ (ဧပြီ ၁၆ ရက်) အထိသာ ရရှိသော ဝင်ငွေဖြစ်သည်။ နောက်ဆက်တွဲ ထပ်တိုး ရုံတင်ပြသမှုများကို နောက်ထပ်နိုင်ငံအနည်းငယ်၊ အထူးသဖြင့် ဂျပန်နှင့် အိန္ဒိယတို့အတွက် စီစဉ်ထားပြီးသားဖြစ်သည်။
ယခုဇာတ်ကားသည် Suga ၏ နက်ရှိုင်းသောခံစားချက်များကို ဂီတမှတစ်ဆင့် ခံစားချက်များကို ထုတ်ဖော်ပြသနိုင်မှုကို သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့စွဲမက်ဖွယ်ကောင်းသော stage presence သည် စစ်မှန်သောအနုပညာရှင်တစ်ဦးအဖြစ် ၎င်း၏ကျော်ကြားမှုကို ထပ်မံခိုင်မာစေခဲ့ပြန်သည်။
Suga ရဲ့ ဂီတကို ရောစပ်ခြင်းနှင့် ၎င်း၏ သီချင်းရေးခြင်းနှင့် ရက်ပ်လိုင်းများတွင် သက်ဆိုင်သည့် အကြောင်းအရာများကို နေရာတကျပုံဖော်ခြင်းအတွက် ဆန်းသစ်သော ချဉ်းကပ်မှုသည် မကြာခဏဆိုသလို နှစ်သက်ပြီး ချီးကျူးခြင်းခံရလေ့ရှိသည်။
“ဒါဟာ Suga ရဲ့ အနုပညာလက်ရာအတွက် စစ်မှန်တဲ့ သက်သေတစ်ခုဖြစ်ပြီး ပရိသတ်တွေကို စိတ်တက်ကြွစေတဲ့ သူ့ရဲ့ ပါရမီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြောရုံသာမက ကမ္ဘာတစ်ဝှမ်းက Event Cinema အတွေ့အကြုံတွေအတွက် ဈေးကွက်ရရှိနိုင်စွမ်းကို သက်သေပြနေတာလည်းဖြစ်ပါတယ်” ဟု Trafalgar Releasing ၏ CEO ဖြစ်သူ Marc Allenby က SUGA│Agust D Tour ‘D-DAY’ ရုပ်ရှင်ရဲ့ အံ့မခန်းတုံ့ပြန်မှု ရရှိခဲ့တဲ့အပေါ် မှာ မည်မျှ ပီတိဖြစ်မိကြောင်း ပြောကြားခဲ့သည်။