Cartier မှ ထိပ်တန်း K-pop ယောက်ျားလေးအဖွဲ့ BTS အဖွဲ့ဝင်တစ်ဦးကို ၎င်းတို့၏သံတမန်အဖြစ် ရွေးချယ်ကြောင်း ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင်၊ ၎င်း၏ stage name “V” ဟု လူသိများသော Kim Tae-hyung သည် French maison ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်အသစ်ဖြစ်ကြောင်း တရား၀င်သတင်း ထွက်လာခဲ့ပါသည်။
V သည် Cartier ၏နောက်ဆုံးထွက် Panthère de Cartier campaign ၏ကြယ်ပွင့်ဖြစ်ကြောင်း maison မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ကျားသစ်နက်၏ ညှိ့ငင်အား နှင့် ကိုယ်ရောင်ကိုယ်ဝါ တောက်ပမှု တို့ကို ဖော်ညွှန်းနိုင်ဖို့အတွက် ကျွန်ုပ်တို့ရွေးချယ်ရာမှာ V ကလွဲပြီး တခြားတစ်ယောက်ကို ရွေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး” ဟု Senior Vice-president နှင့် စျေးကွက်ရှာဖွေရေးအရာရှိချုပ် Arnaud Carrez က ရှင်းပြခဲ့သည်၊
” V ရဲ့ ရုပ်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးက ဒီ campaign နဲ့ကွက်တိပါပဲ ။ အကသမား၊ ဂီတသမား သို့မဟုတ် အနုပညာကို မြတ်နိုးသူ , စတဲ့ အရာအားလုံး ပိုင်ဆိုင်ထားတဲ့ သူမတူတဲ့ ကျက်သရေရှိမှုတို့ပေါင်းစပ်ထားတဲ့ personality က သူ့တစ်ယောက်တည်းမှာသာ ပြည့်စုံနေတာပါ။”
V သည် Jackson Wang ၊ Elle Fanning ၊ Rami Malek ၊ Willow Smith အစရှိသောကြယ်ပွင့်များ ပါဝင်သော maison ၏ သံတမန်များစာရင်းတွင် ပါဝင်လာမည်ဖြစ်သည်။
K-pop icon သည် Celine ၏ Ambassador အဖြစ်လည်း နာမည်ကြီးပြီးသားဖြစ်ပြီး V ၏မယုံကြည်နိုင်လောက်အောင် ကြီးမားသော ဈေးကွက်သြဇာလွှမ်းမိုးမှုကြောင့် သူဝတ်ဆင်ထားတဲ့ pieces များစွာ ချက်ချင်းရောင်းကုန်သွားသည်ကိုတွေ့မြင်ရမှာပါ။
ယခု V ရွေးချယ်လိုက်သော လက်ဝတ်ရတနာ တစ်ခုခုအတွက်လည်း အလားတူ အမြန်ဆုံး Sold out ဖြစ်မယ်ဆိုတာ ကျွန်ုပ်တို့ တွေးဆကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
V သည် BTS အဖွဲ့ဝင်များနှင့် အဖွဲ့လိုက် group activities များကြောင့် နာမည်ကြီးပြီးသား ဖြစ်ရုံသာမက “Stigma”, “Singularity” နှင့် “Inner Child” ကဲ့သို့သော သီချင်းများပါ၀င်သည့် ၎င်း၏ Solo discography ကိုလည်း ဆက်တိုက်ဖန်တီးနေသူ ဖြစ်ပါသည်။
V သည် “4 O’CLOCK”, “Scenery”, “Winter Bear” နှင့် “Blue & Grey” ကဲ့သို့သော သီချင်းများတွင် ပါ၀င်ရေးသားခြင်းဖြင့် ၎င်း၏ သီချင်းရေးစွမ်းရည်ကို ပြသခဲ့ပါသည်။
V ၏ ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ် “LayoVer” သည် 2023 ခုနှစ် စက်တင်ဘာလ 8 ရက်နေ့တွင် ထွက်ရှိခဲ့ပြီး ပထမနေ့ 1 နေ့တည်းတွင် အချပ်ရေ 1,672,138 ရောင်းချခဲ့ရပါသည်။ ဤအောင်မြင်မှုသည် Hanteo Chart သမိုင်းတစ်လျှောက် မည်သည့်တစ်ကိုယ်တော်အယ်လ်ဘမ်အတွက်မဆို ပထမဆုံးရက် ရောင်းအားအကောင်းဆုံး album အဖြစ်စံချိန်ချိုးခဲ့ပါသည်။
ဂီတအပြင် V သည် ၎င်း၏ IRL သူငယ်ချင်းများ ဖြစ်ကြသော Park Seo-joon နှင့် Choi Woo-shik တို့နှင့်အတူ ကိုရီးယားဟင်းချက် Variety Programme ဖြစ်သည့် Youn’s Kitchen တွင်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခဲ့ဖူးပါသည်။