အမေရ်ိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြို့တော် Sacramento မြို့ရှိပြည်နယ်လွှတ်တော် အဆောက်အဦးတွင် ဇွန်လ ၁၂ ရက်နေ့က Burma Day ပွဲတော်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပွဲကို ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Senator Benjamin J Allen နှင့် Senator Dave Cortese တို့လည်း တက်ရောက်ကြပြီး မြန်မာနဲ့ အမေရိကန် လူငယ်များကို တွေ့ဆုံခဲ့တယ်လို့ ပွဲပြုလုပ်သူတွေဆီက သိရပါတယ်။
ပွဲကိုတက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီပြန်လည် ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးထောက်ခံ အသိအမှတ်ပြုကြောင်းနဲ့ မြန်မာပြည်တွင်းမှ မြန်မာပြည်သူများသာမက ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ကယ်လီဖိုးနီးယားရှိမြန်မာများ ပြည်ပရောက်မြန်မာများနှင့်ပါ အတူရပ်တည်လျက်ရှိနေတယ်လို့ အားပေးစကားတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။