အာဏာသိမ်း စစ်ကောင်စီ မတရား ဖမ်းဆီးထားတဲ့ ဆေးပညာရှင်တွေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ ချက်ချင်း ပြန်လွတ်မြောက်လာရေး အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ပေးဖိုနဲ့ စစ်ကောင်စီကို အစိုးရတရပ် အနေနဲ့ အသိအမှတ်မပြုဖို မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း BMA က နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲအစည်းတွေကို တောင်းဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ် တစ်နေရာမှာ ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်း-BMA ရဲ့ (၁၁) ကြိမ်မြောက် ညီလာခံ ထုတ်ပြန်ချက်မှာ အခုလို တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိဖို နည်းလမ်းပေါင်းစုံနဲ့ အမြန်ဆုံး ကြိုးစားဖို၊ ဒေသ အဖွဲအစည်းတွေနဲ့ လက်တွဲပြီး လူသားချင်း စာနာမှု အကူအညီတွေကို အမှန်တကယ် လိုအပ်တဲ့ လူထုထံ အထိရောက်ဆုံး ထောက်ပံ့ပေးဖိုကိုလည်း BMA က တောင်းဆိုထားပါသေးတယ်။
အဆိုပါ ညီလာခံကို BMA အဖွဲဝင် ညီလာခံ ကိုယ်စားလှယ်တွေနဲ့ NUG ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ တိုင်းရင်းသား ကျန်းမာရေးဌာနက ခေါင်းဆောင်တွေ၊ မိတ်ဖက်အဖွဲအစည်းက တာဝန်ရှိသူတွေ အပါအဝင် ၁၀၉ ဦး တက်ရောက်ခဲ့တယ်လို သိရပါတယ်။
အခု ညီလာခံမှာ အရင် (၁၀) ကြိမ်မြောက် သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း အစီရင်ခံစာနဲ့ ဘဏ္ဍာရေး အစီရင်ခံစာ၊ ၂၀၂၃-၂၀၂၇ ခုနှစ် အတွက် ရေးဆွဲခဲ့တဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်နဲ့ အသင်းရဲ့ ဖွဲစည်းပုံ အခြေခံ စည်းမျဉ်းတွေကို တင်သွင်းပြီး ညီလာခံ ကိုယ်စားလှယ်တွေရဲ့ ပြင်ဆင် ဖြည့်စွက်ချက်တွေနဲ့ အတူ အတည်ပြုခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် (၁၁) ကြိမ်မြောက် ညီလာခံ ကျင်းပနေစဉ်အတွင်း အလုပ်အမှုဆောင် ကော်မတီကို ဒီမိုကရေစီ နည်းလမ်းနဲ့ လျှိဝှက်မဲပေး ရွေးချယ်တင်မြှောက်ခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
BMA အနေနဲ့ ဖက်ဒရယ် ကျန်းမာရေးစနစ် တောင့်တင်းခိုင်မာလာစေရန်နဲ့ စစ်ပွဲပဋိပက ခဖြစ်ပွားနေတဲ့ ဒေသတွေနဲ့ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ဒေသတွေမှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု၊ လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့တွေ ရရှိဖို လုပ်ဆောင်မယ်လို ဆုံးဖြတ်ခဲ့တယ်လို ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
မြန်မာနိုင်ငံဖွား ဆေးပညာရှင်တွေကိုလည်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနဲ့ လိုက်လျောညီထွေတဲ့ အမျိုးသား ကျန်းမာရေးမူဝါဒနဲ့ ဖက်ဒရယ် ကျန်းမာရေးစနစ် ပေါ်ပေါက်လာစေဖို ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးဖို ညီလာခံက တိုက်တွန်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်းကို KNU ရဲ့ ဗဟိုဌာနချုပ် မာနယ်ပလောဒေသမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ အမျိုးသား ကျန်းမာရေး ညီလာခံကြီးရဲ့ လမ်းညွှန်မှုနဲ့ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ စတင် ဖွဲစည်းခဲ့တာပါ။