September 27, 2024

English – General

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့ထဲက စစ်ကောင်စီ ရဲ့မြဝတီဘဏ် မေလ ၂၁ ရက် မနက်ပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ဒေသခံတွေထံကသိရပါတယ်။ မနက် ၁၁ နာရီဝန်းကျင်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ဦးက ဘဏ်ကို...
ယင်းမာပင်နှင့် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက အကြမ်းဖက်စစ်အာဏာရှင်စနစ်ကိုတော်လှန်နေသော ပြည်သူနွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပါစေကြောင်း တော်လှန်ဆုတောင်းညောင်ရေသွန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က တော်လှန်ကဆုန်ညောင် ရေသွန်းလှုပ်ရှားမှုကို ယနေ့ မေ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကာ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအားလုံးလွတ်မြောက်ပါ‌စေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ဆုတောင်းခဲ့ကြကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ဘုရားတစ်ဆူတွင် တော်လှန်လူငယ်များပူးပေါင်းပြီး တော်လှန်ကဆုန် ညောင်ရေသွန်းပွဲ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊...
ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် တော်လှန်ပြည်သူများက ညောင်ရေသွန်းလောင်းရင်း တော်လှန်သပိတ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ကဆုန်လပြည့်နေတွင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော ပြည်သူနွေဦးတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပါစေကြောင်း တော်လှန်ဆုတောင်းညောင်ရေသွန်းလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ် တစ်နေရာတွင် ပခုက္ကူလူထုတိုက်ပွဲကော်မတီနှင့် ပြည်သူသူများပူးပေါင်းကာ“တော်လှန်ကဆုန်ညောင်ရေသွန်းပွဲတော်” ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါလှုပ်ရှားမှုတွင် ညောင်ရေအိုးများပေါ်၌ “တက်စုံ ဖွင့်ရွက်ကုန်လွှင့်” “အာဏာရှင် စနစ် အမြန်ဆုံး ကျရှုံးပါစေ” “ဖိရင်ကြွမယ် ထိရင်ချမယ်” “ပြည်သူသာ အမိပြည်သူသာအဖ”...
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းထွက်လာသော စစ်သားသုံးဦး ပစ်ခတ်တိုက်ခိုက် ခံရပြီး နှစ်ဦးသေဆုံးကာ သေနတ်နှစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။ မေလ ၂၁ရက်က မုံရွာ – မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်များအတွက် မိုင်းရှင်းပေးရန်...
စစ်အာဏာရှင်အားတော်လှန်နေသည့် ဟားငါးကောင်အငြိမ့်အဖွဲ့မှ ဟာသလူရွှင်တော်ဝိုင်းကျော်သည် ယနေ့(မေလ ၂၂ရက်) နံနက် ၁၁နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံ၌ ကွယ်လွန်သွားကြောင်း ၎င်း၏ ဇနီးဖြစ်သူက အတည်ပြုသည်။ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော်သည် အသည်းခြောက်ရောဂါဖြင့် မဲဆောက်ဆေးရုံ၌ တက်ရောက်ဆေးကုသနေသည်မှာ...
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ပါရမီရပ်ကွက်ရှိ အခွန်ဦးစီးရုံးမှ Non-CDM ဝန်ထမ်းများနှင့် လ၀က ဝန်ထမ်းများကို တော်လှန်ရေးတပ်တစ်ခုက ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ပြီး အခွန်ဒုဦးစီးမှူး၊ လ၀ကဝန်ထမ်းများ၊ PDF ၁ ဦး...