October 2, 2024

English – General

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင် ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းက ၁၀၉၁ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စု ၄၅၆ စုအတွက် အခြေခံစားသောက်ကုန်၊ ကုန်စိမ်းနှင့် အဝတ်အထည်များကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်နှင့် ကွန်ရက်အဖွဲ့ဝင်ဖြစ်သော မုံရွာမြေ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
ချင်းပြည်နယ် ၊မင်းတပ်မြို့တွင် ယမန်နေ့(မတ်လ ၂၁ရက်) ညနေက မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း၊ဘာသာရေးအဆောက်အအုံများ နှင့် လူနေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ မတ်လ ၂၁ ရက်နေ့...
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် နယ်စပ်ရှိ ဖယ်ခုံမြို့နယ်မှ လအိဆေးရုံကို စစ်​ကောင်စီက ယ​နေ့ (မတ် ၂၂ )နံနက် ၁၀ နာရီ ​ကျော်တွင်​တိုက်​လေယာဖြင့် ဗုံး ကြဲချတိုက်ခိုက်၍ ​ဆေးရုံထိခိုက်ပျက်စီးမှုများကြောင်း​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့နှင့် စစ်​ဘေး​ရှောင်အ​ရေးကူညီ​နေသူများက​ပြောသည်။...
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းက အမျိုးသားတစ်ဦးအားသတ်ဖြတ်ပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအား အဓမ္မလုယူသွားကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁၉ ရက်က အင်အား ၂၀၀ကျော်ပါ စစ်စစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊...
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဒါဝကျေးရွာတွင် စစ်မှုထမ်းရမည့် လူငယ်စာရင်း ကောက်ခံသူ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် လည်လှီးအသတ်ခံရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်...
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင်ငွေကျပ် ၄၂ သိန်း ၄ သောင်းကျော်အထိ စျေးထိုးတက်ခဲ့ပြီး အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း ရန်ကုန်ရွှေကုန်သည်များက ပြောဆိုကြသည်။ မတ်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးနှုန်းသည်...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အင်မထီး‌ ကျေးရွာမှ ကာလရှည်စစ်ရှောင်နေရသည့် ပြည်သူများကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အခြေခံစားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စတင်ကျင့်သုံးနေသည့် စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံဘက်မှ လူငယ်များ ထွက်ပြေး ဝင်ရောက်လာမှုကို တားဆီးရေး ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် လုံခြုံရေးတိုးမြှင့်ထားရန် မဲဆောက်ခရိုင်အာဏာပိုင်အဖွဲ့က အမိန့်တစ်ရပ် ထုတ်ပြန်သည်။ ယမန်နေ့ ထုတ်ပြန်သော...
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးအုပ်စုကျေးရွာ ၇ ရွာမှ အိမ်ထောင်စု ၄၁၀ အတွက် ဒန်အိုးများကို လက်ပံတောင်းတောင်ပင်မသပိတ်၊ မြိုနယ်ပကဖတာဝန်ခံနှင့် မြို့နယ်အမျိုးသမီးနှင့် ကလေးသူငယ်တာဝန်ခံတို့ ပူးပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။