October 4, 2024

English – General

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးတွင် အားမာန်သစ်လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့​ကြောင်း သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ပန်ယောင်းကျေးရွာမှာ ဆယ်အိမ်မှူး တစ်ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မနက်ပိုင်းက လုပ်ကြံသတ်ဖြတ်ထားခြင်းခံရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက် မနက် ၁၀ နာရီခန့်တွင်...
မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေ မဖြစ်မနေ ဧည့်စာရင်းတိုင်ကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဒီနေ့မနက်ပိုင်းက လိုက်လံဆော်သြနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဧည့်စာရင်းကိုဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နောက်ဆုံးထားတိုင်ကြဖို့နဲ့ ယခင်တိုင်ထားသူတွေလည်း သက်တမ်းတိုးကြဖို့ ဆော်သြနေတာလို့သိရပါတယ်။ စစ်မှုထမ်းဥပဒေ...
ပဲခူးတိုင်း၊ ဝေါမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တဦး ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ နာတာရှည်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ သေဆုံးရဲဘော်ဟာ အသက် ၂၈ အရွယ်...
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့လို့ PNLA က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ...
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ပိုစတာနှင့် PDF အလံ လွှင့်ထူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်တွင် ရန်ကုန်မြို့၊...
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ကျေးရွာအတွင်း အကြိမ် ၂၀ ခန့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ...
အကြမ်းဖက်စစ်ကောင်စီက စစ်မှု မထမ်းမနေရ စနစ် စတင်ကြောင်း ကြေညာပြီးနောက် တစ်နိုင်ငံလုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများပြားနေပြီး ရန်ကုန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် လာမည့် ဩဂုတ်လအထိ ကြိုတင် Online Booking လုပ်ထားသူများနှင့်ပြည့်သွားပြီဖြစ်ကြောင်း သိရှိရသည်။...