October 7, 2024

English – General

ရာသီဥတုအေးနေ၍ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များ ဖျားနာမှုများဖြစ်ပွားနေပြီး အနွေးထည်၊ စောင်နှင့် မိုးကာများလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ဒီဇင်ဘာလလယ်အတွင်းမှ ယခု ဇန်နဝါရီလဆန်းပိုင်းအထိ စစ်ကိုင်းအတွင်း အအေးပိုနေ၍ စစ်ရှောင်များ အအေးမိ၍ ဖျားနာမှုများဖြစ်ပွားနေကြောင်း...
တအာင်းတပ် (TNLA) သိမ်းယူထားတဲ့ ရှမ်းမြောက်က နမ့်ဆန်မြို့နယ်ထဲက မြို့သစ်ရွာကို စစ်ကောင်စီလေတပ် ဒီနေ့ ညနေပိုင်း ၃ နာရီခန့်မှာ ဗုံးကြဲရာ အရပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံကသိရပါတယ်။...
ဒေနိ( ဂျန်နဝါရီ ၇ ရက်နိ) ညဇာ ၄ နာရီခွဲ လောက်မာ စစ်ကောင်စီတပ်က လက် နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်က အချေတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရလားကြောင်း သိရပါရေ။ ဒဏ်ရာရလားရေမူဆလင်အချေစွာ...
ယင်းမာပင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့၌ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာ သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင်ရှိ ကျဆုံးရဲဘော် ၄ ဦး၏ မိသားစုဝင်များအတွက် အလှူငွေနှင့် စောင်၊ခြင်ထောင်၊ဆန်၊ဆီ၊စားသောက်ကုန်များကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊လက်ပံတောင်းတောင် လူထုသပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ “စစ်မှန်သော လွတ်လပ်မှုအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ကြ” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ ကြပါတယ်။
စစ်ကိုင်းတိုင်း၊နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်အင်အားစုကဦးဆောင်ပြီး ဒီနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ “သို့တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို သတ်နေတာ ချက်ချင်းရပ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ရွာကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးဆယ်လုံးကျော် ကျဲချခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင်အရပ်သားနှစ်ဆယ်ကျော်ထိခိုက်ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်း...
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကာ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသပြည်သူများက ပြောဆိုကြသည်။ ယနေ့...