October 3, 2024

English – General

တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူးမြို့တွင် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေးအတွက် Phoenix F.Cနှင့် RAM မှ ဦးစီးကျင်းပသော တော်လှန်ရေးရန်ပုံငွေထောက်ပို့နိုင်ရေးဖလားဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြသည်။ အခမ်းအနားတွင် နွေဦးတော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေထောက်ပို့နိုင်ရန် ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ နိုင်ငံသားများအနေနှင့် စွမ်းနိုင်ရာဖြင့် ပါဝင်သင့်ပြီး ယခုအချိန်ဟာ...
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် လက်အောက်ခံတပ်တွေမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ ထံ လက်နက်တွေနဲ့အတူ ပူးပေါင်းအလင်းဝင်ရောက်ခဲ့သူ ၄ ဦးကို ဆုကြေးငွေတွေ ဒီနေ့ချီးမြှင့်တယ်လို့ သိရပါတယ် စက်တင်ဘာနဲ့နိုဝင်ဘာလတွေအတွင်းက လာရောက်ပူးပေါင်းသူများဖြစ်ပြီး ဖာပွန်အခြေစိုက်...
မုံရွာမြို့ပေါ်တွင် မုံရွာသပိတ် အင်အားစုနှင့် မုံရွာအခြေခံပညာ ကျောင်းသားများသမဂ္ဂတို့ပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီ တပ်သားများ အလင်းဝင်ရန် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရှိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇...
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်အကျဉ်းထောင်အတွင်းသို့ လေထီးဖြင့် ထောက်ကူ ချပေးသည့် ခဲယမ်းသေတ္တာများကို ကြားဖြတ်သိမ်းယူနိုင်ခဲ့ကြောင်း DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်းဖရန့်စစ်က ပြော ကြားသည်။ ယနေ့နိုဝင်ဘာလ...
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။...
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
လေယာဉ်ဆီဖြတ်တောက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ လိုက်နာရမည့်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၁၉ရက်တွင် အမိန့်ထုတ်ပြန်ခဲ့ရာ ဆီသယ်ယာဉ်များကို စစ်ဆေးရန် ညွှန်ကြားခဲ့သည်။ တော်လှန် ရေး အရှိန်မြင့်တက်လာသည်နှင့်အမျှ တိုက်ပွဲကာလ...
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်ဗိုလ်သင်တန်း‌ ကျောင်း၌ လွန်ခဲ့သည့် (၉)နှစ်က စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကျဆုံးခဲ့သော ရက္ခိုင့်တပ်တော်မှ ဗိုလ်လောင်းရှစ်ဦးအပါအဝင်ဗိုလ်လောင်း ၂၃ဦးဖြစ်ရပ်ကို မည်သည့်အခါမှ မေ့‌ပျောက်မည်မဟုတ်ဟု ရက္ခိုင့်တပ်တော်(AA) က ယနေ့ထုတ်ပြန်သည်။...