October 1, 2024

English – General

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ဆင်တဲကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့...
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင် လူထုသပိတ်အင်အားစုက ဦးဆောင်ပြီး ဒီနေ့ အောက်တို ဘာလ(၁၅) ရက်နေ့မှာ “မုန်လိုင်ခက်နဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေးချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆားလင်းကြီးတွင် တော်လှန်ရုပ်ရှင်ပြပွဲနှင့်လူထုဟောပြောပွဲကို လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့၊မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ မြို့နယ်ပအဖ အမျိုးသမီးနှင့် ကလေးသူငယ်တို့ ပူးပေါင်းပြသခဲ့ကြသည်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးဘေးသင့် ကလေးငယ် ၁၀ ဦးအတွက် ကျောင်သုံးစာအုပ်အစုံနင့်လွယ်အိတ်တို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် လှူဒါန်းခဲ့သည်။
စစ်ကောင်စီတပ်စခန်းချထားတဲ့ လောင်းလုံးမြို့နယ်ရှိ သဲပုံတောင်ပေါ်ကနေ လက်နက်ကြီး မကြာခဏပစ်ခတ်နေလို့ အနီးတဝိုက်က ရာဘာခြံတွေ လုပ်ငန်းရပ်နားထားရတယ်လို့ ခြံပိုင်ရှင်တွေက ပြောပါတယ်။ သဲပုံတောင်(ခေါ်) အင်းဝတောင်တဝိုက်မှာ ပြီးခဲ့တဲ့ မေလကတည်းက စစ်ကောင်စီတပ် ကလက်နက်ကြီးအထိုင်ချတပ်စွဲထားတာပါ။ အဲ့ဒီတောင်တဝိုက်မှာ...
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်းသည် ညနေဆည်းဆာသပိတ်အဖြစ် စစ်အာဏာရှင်စနစ် ပြတ်သုဥ်းရေးအတွက် ချီတက်တော်လှန်ခဲ့ကြသည် ။
ကယားပြည်နယ်က စစ်ဘေးရှောင်မိသားစုများ၊ဒေသခံရွာသူ ရွာသားများနှင့် ကလေးငယ်အပါအဝင် ရွာလုံးကျွတ်အလှူကို ထိုင်းနိုင်ငံမှ Naw Genesis Kyaw Swar ၏ ၁၁ နှစ်ပြည့်တွင် ဝက်သားအာလူးဟင်းဟသီးစုံပဲကုလားဟင်း၊ လက်ဘက်ပဲချမ်းသုပ်၊ ခရမ်းချဉ်သီးဂေါ်ဖီသုပ်နှင့် ကိတ်မုန့်တို့ကို...
ဂျာမနီ နိုင်ငံ မြူးနစ်မြို့တွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။