September 27, 2024

English – General

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို အညာပစ်တိုင်းထောင် လေးများအဖွဲ့က ဒီနေ့ဩဂုတ်လ(၁၅) ရက်နေ့မှာ တစ်အိမ်ထောင်ကို ဆန်(၃)ပြည် ထောက်ပံ့ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ချင်းတွင်းမြစ်ကမ်းဘေး သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဒီနေ့ဩဂုတ်လ(၁၅) ရက်နေ့မှာ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဌဒေါ်ညိုအေးနဲ့လူငယ်တချို့ကို စစ်ကောင်စီက သြဂုတ်လ ၁၅ ရက်၊ဒီနေ့နေ့လည်က ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့စစ်တွေမြို့ခံတွေက အတည်ပြုပြောကြပါတယ်။ အဲဒီဒေါ်ညိုအေးအိမ်သို့ ရဲနဲ့အရပ်ဝတ်တချို့က လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ “သူတို့လာခေါ်သွားတယ်။အမှတ် ၁...
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် နယ်သာလန်နိုင်ငံမှ မနွေဦးမေမှ လှူဒါန်းသည့် မိုးကာများကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ချင်းပြည်နယ် မတူပီ- ဟားခါးလမ်း၌မြေပြိုမှုများ အလွန်ဆိုးရွားနေသောကြောင့် ပြည်သူလူထုများအနေဖြင့် ခရီးသွားလာခြင်းမပြုရန် မတူပီမြို့နယ်ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။ ယခုလအတွင်း အဆက်မပြက် မိုးရွာသွန်းမူ့ကြောင့် မတူပီမြို့နယ်တွင် မြေပြိုမူ့များ၊ ရေကြီးမူ့များ ရှိနေပြီး မြေပြိုမှုများအလွန်ဆိုးရွားနေသည်ဟု...
ကရင်နီပြည်နယ်၊ ဒီးမော့ဆို သဲတောင်‌ဒေသကို စစ်ကောင်စီက လွိုင်ကော်ဘက်ကနေ ဒီကနေ့ မနက်ပိုင်းမှာ အင်အားတွေ ထပ်ပို့‌နေတာကြောင့် တိုက်ပွဲ ဆက်လက် ပြင်းထန်မယ်လို့ လွိုင်ကော် PDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။...
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ကမ်းခြေဒေသတွင်နေထိုင်သည့် ဒေသခံများအနေဖြင့် စစ်ကောင်စီထံလစဥ် ငွေကြေးပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ငွေဆောင်၊ ချောင်းသာ ကမ်းခြေရွာများနှင့် ငရုတ်ကောင်းမြို့အတွင်းက ကမ်းခြေ ကျေးရွာတစ်ချို့မှ အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီမှ သြဂုတ်လမှစတင်ပြီး လစဥ်ငွေကြေးရှာဖွေပေးဖို့ညွန်ကြားထားကြောင်းသိရှိရသည်။...
မကွေးတိုင်း ပေါက်မြို့နယ်အတွင်း တော်လှန်ရေးရဲဘော်များ ပါဝင်ကစားသည့် ပြည်သူ့အုပ်ချုပ်ရေးဖလား ဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၁၃ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း ‌Successful Force –...
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူမှ ပြည်သူသို့ ပရဟိတအဖွဲ့က ဆန် ၃ အိတ် ၊ ဆီ ၁၀...
ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင်ဒေသ၌ ယနေ့နံနက်ကစ၍ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။ ယနေ့(ဩဂုတ် ၁၅ရက်) နံနက် ၅နာရီခန့်တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းပြီး...